Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ “အမေများနေ့”မှာ အမေရိကန်ရောက်မြန်မာတွေ တောင်းဆို

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ “Proof of life” ဆန္ဒပြတောင်းဆိုမှုကို မေလ ၁၀ ရက်မှာကျရောက်တဲ့ “အမေများနေ့”မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Free Burma Action Committee

မေ-၁၁၊၂၀၂၆။ သုည/People’s Spring

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ “Proof of life” ဆန္ဒပြတောင်းဆိုမှုကို မေလ ၁၀ ရက်မှာကျရောက်တဲ့ “အမေများနေ့”မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို Free Burma Action Committee-Northern California အဖွဲ့နဲ့ အမေရိကန်နိုင်ငံရောက် နွေဦးတော်လှန်ရေးတိုက်ပွဲဝင်အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ (Proof of life) လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ (Blue Shirt Movement -Myanmar) လှုပ်ရှားမှု၊ US government အနေနဲ့ စစ်အကြမ်းဖွဲ့ အဖွဲ့ ၊ မဆက်ဆံဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေမလုပ်ဖို့နဲ့ ဘာကြောင့် မလုပ်သင့်သလဲ ဆိုတဲ့ အချက်တွေရေးထားပြီး Congress ကို ပို့မဲ့စာမှာ ပါဝင် လက်မှတ်ရေးထိုးသော Advocacy လှုပ်ရှားမှု တို့ကို ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ၂၇ ကြိမ်မြောက်နွေဉီးတော်လှန်ရေးရန်ပုံငွေစျေးပွဲတော်နဲ့အတူ အထူးအစီအစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ကြောင်း Free Burma Action Committee-Northern California အဖွဲ့က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။