မန္တလေးမြို့မှာ ဒီနေ့မနက်အစောပိုင်းက နေရာအချို့မှာပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ် ။ မဟာအောင်မြေမြို့နယ် သိပ္ပံလမ်း နဲ့ ၆၂ လမ်းထောင့် က ယာဉ်ထိန်းရဲရုံ မှာ မနက် ၅ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
အဲဒီယာဉ်ထိန်ရဲရုံဟာ မကြာခဏဆိုသလို ဖောက်ခွဲခံရတာကိုတွေ့ရပါတယ်။
ဒါအပြင် မနက် ၉ နာရီလောက်ကလည်း သိပ္ပံလမ်း ၇၈လမ်း ကညနရုံးရှေ့မှာလည်း စစ်ဆေးဖို့ရောက်ရှိလာတဲ့ စစ်ကားအနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ လုပ်နေချိန်မှာပဲ ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိမှုကို အတည်မပြုနိုင်ပါသေးဘူး။
မန္တလေးမှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်း၊ ရဲ၊ မီးသတ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး စစ်ဆေးတာတွေကိုနေ့စဉ်ပြုလုပ်နေပါတယ်။


















































