Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ(၃၃)နဲ့ ပျူစောထီးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

တပ်မ(၃၃)စစ်ကြောင်းက စစ်သားငါးဦး လက်နက်ခဲယမ်းယူပြီး အလင်းဝင်လာ

(ယင်းမာပင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ(၃၃)နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်မှုမြင်ကွင်းများ။ဓာတ်ပုံ - ဗျူဟာ ၄၇,ယင်းမာပင်)

မေ -၁၂၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ(၃၃)နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်နေပြီး စစ်သားငါးဦး လက်နက်ခဲယမ်းတချို့ယူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာအမှတ်(၄၇)က ဒီကနေ့မေလ ၁၂ရက်မှာ ညပိုင်းထုတ်ပြန်ပါတယ်

တပ်မ(၃၃)နဲ့ ဘန့်ဘွေးကျေးရွာက ပျူစောထီးတွေပါတဲ့ အင်အင်း ၃၀၀ကျော်စစ်ကြောင်းကို တရော်ကျင်းရွာ နဲ့ ချောင်းမကျေးရွာ လမ်းပိုင်းတနေရာမှာ မေလ ၁၀ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်စစ်ကြောင်းက ၁၀ ဦးခန့် ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေထံက ခိုးယူလာတဲ့ ထွေလာဂျီတစ်စီးအပါအဝင် တခြားပစ္စည်းတွေကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ပြည်သူတွေဆီ ပြန်ပေးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်စစ်ကြောင်းက စစ်သား ၅ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းတချို့ယူ အလင်းဝင်လာတယ်လို့ ဖော်ပြပါတယ်။

စစ်တပ်က အင်အားအများအပြားနဲ့ ပြည်သူတွေကို ဒုက္ခပေးနေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ရနိုင်တဲ့ နည်းလမ်းတွေသုံးကာ တိုင်ပွဲဝင်နေတယ်လို့လည်း ယင်းမာပင်ခရိုင် ဗျုဟာအမှတ်(၄၇)က ဆိုပါတယ်။

“စစ်ကြောင်းထိုးနေတဲ့ စကစ တပ်ရင်းတွေက တပ်သား အင်အားအများအပြား ထွက်ပြေးလာနေကြပြီး တော်လှန်ရေးအဖွဲ့တွေ ပြည်သူတွေ အနေနဲ့ ဘေးကင်းရာကို ကယ်ထုတ်ပေးနေပါတယ်”လို့ ယင်းမာပင်ခရိုင် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အခု၂၀၂၆ ဖေဖော်ဝါရီ တတိယပတ်ကစပြီး စစ်တပ်က အင်အား ၄၀၀ ဝန်းကျင်သုံးပြီး ပုလဲမြို့နယ်ကို ကနဦးထိုးစစ်ဆင်ခဲ့ပြီးနောက် နယ်မြေချင်းထိစပ်နေတဲ့ ယင်းမာပင်မြို့နယ်ကို စစ်ကြောင်း ထပ်ထိုးလာတာလို့ သိရပါတယ်။

စစ်တပ်က တပ်မ(၃၃)နဲ့ တပ်မ(၉၉)တပ်တွေ ပါဝင်နေပြီး ပုလဲမြို့နယ်ဘက် စစ်ကြောင်းတစ်ကြောင်း၊ယင်းမာပင်ဘက်က စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်အား ၅၀၀ ကျော်နဲ့ ကနီ – ယင်းမာပင်မြို့နယ်အစပ်ကနေ အင်အား ၃၀၀ကျော်နဲ့ ယာကြီး – ကလေးဝလမ်းပိုင်းကို စိုးမိုးဖို့ ပြင်ဆင်နေတာလို့ ယင်းမာပင်ခရိုင် ပကဖက အသိပေးပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် မုံရွာ- ယာကြီး -ကလေးဝလမ်း ၊ ညောင်ပင်ကြီး ယင်းမာပင်လမ်း နဲ့ ဖိုလ်ဝင်တောင် -ယင်းမာပင်လမ်းပိုင်းတွေကို ကာကွယ်ရေးတပ်တွေက မေလ ၉ ရက်ကစပြီး ပိတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ရက်မှာ ပုလဲမြို့အခြေစိုက် BNRA တပ်ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ထံ အညံ့ခံခဲ့ပြီးနောက်ပိုင်း စစ်တပ်က ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာပြုလုပ်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။