Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အလံနဲ့ ဗင်နီဇွဲလား မြေပုံကို လူမှုကွန်ရက်ပေါ် တင်ပြီး အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်လို့ ထရမ့်ရည်ညွှန်း

ဗင်နီဇွဲလား နိုင်ငံမြေပုံကို အမေရိကန်ရဲ့ ပြည်နယ်တစ်ခုလို့ အညွှန်းစာရေးပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ် မျှဝေထားခဲ့ပါတယ်။

ဓာတ်ပုံ - Truth Social

ဗင်နီဇွဲလား နိုင်ငံမြေပုံကို အမေရိကန်ရဲ့ ပြည်နယ်တစ်ခုလို့ အညွှန်းစာရေးပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ် မျှဝေထားခဲ့ပါတယ်။

သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthပေါ်မှာ ထရမ့်က အဲဒီ graphicမြေပုံကို ၅၁ ခုမြောက် ပြည်နယ်ဆိုတဲ့ ပုံညွှန်းစာနဲ့အတူ မေလ ၁၂ ရက်နေ့မှာ ဖော်ပြထားခဲ့တာပါ။ ပုံထဲမှာတော့ ဗင်နီဇွဲလား မြေပုံထဲကို အမေရိကန် အလံပုံ ထည့်သွင်းထားတာ တွေ့ရပါတယ်။

နှစ်ဆန်းပိုင်းတုန်းက အမေရိကန် အထူးကွန်မန်ဒို တပ်ဖွဲ့တွေဟာ ဗင်နီဇွဲလား သမ္မတ အိမ်တော်ထဲထိ စစ်ဆင်ရေး တစ်ရပ်နဲ့ ဝင်ရောက် စီးနင်းခဲ့ပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပါတယ်။ မာဒူရိုရဲ့ နေရာကို ဆက်ခံခဲ့သူ လက်ရှိ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်က သူ့ရဲ့ နိုင်ငံဟာ ဘယ်တော့မှ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်မလာစေရဘူးလို့ ပြောကြားခဲ့ပြီး တစ်ရက်အကြာမှာ ထရမ့်က အခုလို သိသိသာသာ ရန်စတဲ့ ပို့စ်ကို လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။

အခု သီတင်းပတ် အစောပိုင်းတုန်းက Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က သူဟာ တောင်အမေရိကတိုက်မှာရှိတဲ့ နိုင်ငံကို အမေရိကန်ရဲ့ ပြည်နယ်အသစ် တစ်ခုအဖြစ် ပြောင်းလဲဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။ ထရမ့်ဟာ ကမ္ဘာပေါ်မှာ ရေနံ အထွက် အကြွယ်ဝဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ ဗင်နီဇွဲလားကို သူ့ရဲ့ အစိုးရက ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပြီလို့လည်း ပြီးခဲ့တဲ့ လပိုင်းတွေမှာ တောက်လျှောက် ကြွားဝါနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း ရိုဒရီဂတ်ဇ် ဦးဆောင်တဲ့ ဗင်နီဇွဲလား အစိုးရသစ်ဟာ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့် ပြည်တွင်းက သတ္တုနဲ့ ရေနံတူးဖော်ရေး လုပ်ငန်းတွေမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးမယ့် မူဝါဒသစ်တွေ ပြောင်းလဲ ကျင့်သုံးဖို့ ပြင်ဆင်နေရပါတယ်။

ထရမ့်က ဗင်နီဇွဲလား မြေပုံကို အမေရိကန် အလံခြယ်သထားတဲ့ ပို့စ်မျိုး လူမှုကွန်ရက်ပေါ် တင်ခဲ့တာနဲ့ ပတ်သက်လို့ ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီးဌာနဖက်က သဘောထား မှတ်ချက်ပေး တုံ့ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ထရမ့်ဟာ အိမ်နီးချင်း ကနေဒါ နိုင်ငံကိုလည်း အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာသင့်ကြောင်း နောက်ပြောင်သလိုလို ပြောဆိုခဲ့ဖူးပြီး ကနေဒါ အစိုးရ အရာရှိ တချို့ကတော့ အဲဒီစကားအပေါ် အလေးအနက် သဘောထားမျိုးနဲ့ ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...