Connect with us

Hi, what are you looking for?

သတင်း

JICA ရဲ့အစီအစဉ်ပျက်သွားလို့ရွှေဘိုမှာချောင်းကူးတံတားကိုကိုယ်ထူ ကိုယ်ထတည်ဆောက်နေ

​စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ကနေဆောက်လုပ်ပေးဖို့စီစဥ်ခဲ့ပေမယ့် အစီအစဥ်ပျက်သွားတဲ့တံတားကိုဒေသခံပြည်သူတွေကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော်တည်ဆောက်နေ​ပါတယ်။

ချောင်းကူးတံတားတည်ဆောက်ရေးလုပ်ငန်းခွင်။ ဓာတ်ပုံ-ဒေသခံ

​မေ – ၁၃၊ ၂၀၂၆ ၊ ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ကနေဆောက်လုပ်ပေးဖို့စီစဥ်ခဲ့ပေမယ့် အစီအစဥ်ပျက်သွားတဲ့တံတားကိုဒေသခံပြည်သူတွေကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော်တည်ဆောက်နေ​ပါတယ်။

အဲဒီတံတားဟာရွှေဘိုအနောက်ခြမ်းမူးမြစ်ဆီစီးဆင်းတဲ့ချောင်းတစ်ခုပေါ်မှာရှိတာပါ။

ဒေသတွင်းသွားလာရေးအတွက်အရေးပါတဲ့လမ်းပိုင်းမှာရှိတာကြောင့်အခုတော့ကျေးရွာနှစ်ရွာကတစ်ရွာ ကျပ်သိန်းလေးရာစီမတည်ကာတံတားတည်ဆောက်နေပါတယ်။

Public Service Announcement

Public Service Announcement

တည်ဆောက်ရေးအတွက်စုစုပေါင်းကုန်ကျငွေဟာကျပ်သိန်းနှစ်ထောင်ကျော်ရှိမယ်ဆိုတာခန့်မှန်းထားတယ်လို့ တံတားဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“အရင်ကတော့ JACA ကဆောက်ပေးဖို့ရှိတာ၊အာဏာသိမ်းပြီးနောက်ပိုင်းဆောက်မယ့်အစီအစဥ်ပျက်သွားတာပါ၊အခုကကျေးရွာနှစ်ရွာမတည်ပြီးဆောက်တာပါ”လို့ အဲဒီကော်မတီဝင်ကပြောပါတယ်။

တံတားဟာဒေသတွင်းကျေးရွာတွေရဲ့ကုန်ထုတ်လုပ်ရေး ၊ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးကဏ္ဍတွေမှာအဓိကကျတဲ့လမ်းကြောင်းပေါ်မှာတည်ရှိတယ်လို့သိရပါတယ်။

ဒါကြောင့်ဒေသတွင်းကစစ်ဘေးရှောင်ပြည်သူတွေအပါအဝင်ခရီးသွားလာသူအားလုံးသွားလာရေးအဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပြီး တည်ဆောက်နေတာလို့ တံတားဖြစ်မြောက်ရေး ကော်မတီဝင်က အသိပေးပါတယ်။

​ငွေကြေးအခက်အခဲကြောင့်ကျပ်သိန်း ၃၅၀ ခန့် အကြွေးတင်နေပြီး တံတားအမြန်ဆုံးပြီးစီးနိုင်ဖို့အတွက်အလှုငွေတွေကိုဆက်လက်ကောက်ခံနေရတယ်လို့လည်းကော်မတီဝင်က ဆိုပါတယ်။

တည်ဆောက်ရေးလုပ်ငန်းစတင်နေတာကလေးလခန့်ရှိနေပြီဖြစ်ပြီး သစ်သားကိုအဓိကအသုံးပြုထားတဲ့တံတား အမျိုးအစားဖြစ်ပြီးသံမဏိယက်မတွေလည်းထည့်သွင်းအသုံးပြုထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ညဘက် လျှပ်စစ်မီးပြတ်တောက်ချိန် သူခိုးတွေ သောင်းကျန်းနေပြီး ၃ ရက်ဆက်တိုက် ဖောက်ထွင်းခိုးယူခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။