Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့အနီးတိုက်ပွဲ စစ်တပ်အထိနာပြီး ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ မဲဇာကျေးရွာဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာအထိနာပြီး နောက် လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ စုံစမ်းသိရပါတယ်။

(မြို့သိမ်းတိုက်ပွဲတွေအတွင်း ပျက်စီးနေတဲ့ အင်းတော်ဟိုတယ်။ ဓာတ်ပုံ - CJ)

မေ-၁၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ မဲဇာကျေးရွာဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာအထိနာပြီး နောက် လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ စုံစမ်းသိရပါတယ်။

စစ်တပ် တပ်စွဲထားတဲ့ ပေပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မနေ့က မေလ ၁၃ရက်ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

” စကစတွေက အင်းတော်ကနေ မဲဇာဘက်ကို ထိုးဖို့ ကြိုးစားနေတာ။မနေ့ညကလည်း တိုက်ပွဲပြင်းထန်ပြီး ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲသွားတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံး ခြောက်လုံးကြဲသွားတာဖြစ်ပါတယ်။ ဒီနေ့ မေလ ၁၄ရက် မနက်ပိုင်းမှာလည်း စစ်ကြောင်း ပြန်ထွက်လာလို့ တိုက်ပွဲဆက်ဖြစ်နေသလို ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ ကျောင်းသားတပ်မ‌တော်(ABSDF)နဲ့PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့တာကနေ ပြီးခဲ့တဲ့ ဧပြီလမှာ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့တာပါ။

အင်းတော်မြို့အနီး တိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် စစ်တပ်က Non CDM ဝန်ထမ်းတွေကို ပို့ဆောင်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး ကြိုးပမ်းနေပါတယ်။

မြို့အနီးမှာ တိုက်ပွဲတွေဆက်ဖြစ်နိုင်လို့ ဒေသခံပြည်သူတွေလုံခြုံရေးသတိရှိကြဖို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။