Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ မဂ္ဂနီကျု ၅.၂ အဆင့် ငလျင်လှုပ်၊ ၂ ဦးသေဆုံး

တရုတ်နိုင်ငံမှာ မဂ္ဂနီကျု ၅.၂ ပြင်းအားအဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မဂ္ဂနီကျု ၅.၂ ပြင်းအားအဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မဂ္ဂနီကျု ၅.၂ ပြင်းအားအဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

ကွမ်ရှီကျောင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရဲ့ လျို့ကျိုးဧရိယာထဲက လျူနန်းခရိုင်မှာ မေလ ၁၈ ရက် မနက်အစောပိုင်းက ငလျင်လှုပ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတချို့ ပြိုကျ ပျက်စီးခဲ့တာကို လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ အတည်ပြုနိုင်ပါတယ်။

အစောပိုင်းမှာ ကယ်ဆယ်ရေး အဖွဲ့တွေက ၃ ဦး ပျောက်ဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပျောက်ဆုံးနေသူတွေထဲက ၂ ဦးကို သေဆုံးလျက်သား ရှာတွေ့ခဲ့ပါတယ်။ မေလ ၁၈ ရက် နေ့လယ်ပိုင်းထိ အခြေအနေအရ ပျောက်ဆုံးနေသူ ၁ ဦးကို ဆက်လက် ရှာဖွေနေပြီး ဒဏ်ရာရသူတွေကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

ငလျင်ဟာ တိုင်ယန်ချွမ်မြို့နားကို ဗဟိုပြုပြီး ဒေသစံတော်ချိန် သန်းခေါင်ကျော်ပြီး ၂၁ မိနစ်မှာ လှုပ်ခတ်ခဲ့တာပါ။ လျို့ကျိုး မြို့လယ်ခေါင်ကနေ ၁၆ ကီလိုမီတာအကွာ မြေအနက် ၈ ကီလိုမီတာကို ငလျင်က ဦးတည်ခဲ့တာလို့ တရုတ် ငလျင်တိုင်းတာရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြေင့်လည်း မြေပြင်ပေါ်မှာ သက်ရောက် ထိခိုက်မှုက ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ရဲ့ လှုပ်ရှားသက်ရောက်မှုကို လျို့ကျိုး၊ ဂူဂန်၊ ဝူဇူး၊ ဟီချီ၊ နန်နင်းနဲ့ တခြား အနီးတဝိုက်ဒေသတွေကပါ သက်ရောက် ခံစားခဲ့ရပါတယ်။

ငလျင်ဗဟိုချက် အနီးတဝိုက်မှာ အနည်းဆုံး အိမ်ခြေ အဆောက်အအုံ ၁၃ ခု ပြိုကျခဲ့ပြီး ဒေသခံ ၇၀၀၀ လောက်ကို ဘေးလွတ်ရာ ယာယီ ရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။ ပြီးတော့ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုတွေကို ပြန်လည် စစ်ဆေးနေပါတယ်။

ဖုန်းလိုင်းတွေ၊ ဓာတ်အားပေး ကွန်ရက်တွေ၊ ရေနဲ့ဓာတ်ငွေ့ ပိုက်လိုင်းတွေ၊ လမ်းတွေ အများစုကတော့ အပျက်အစီး ကြီးကြီးမားမား မရှိခဲ့ဘဲ ပုံမှန် လည်ပတ်နေပါတယ်။

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေ၊ မီးသတ်တွေ၊ ရဲတွေက ပူးပေါင်း အလုပ်လုပ်ခဲ့ကြပါတယ်။

တရုတ်အစိုးရပိုင် CCTV သတင်းဌာနက သေဆုံးသူတွေဟာ အသက် ၆၃ နှစ်အရွယ် အမျိုးသားနဲ့ ဇနီးဖြစ်သူ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ နောက်ထပ် ပျောက်ဆုံးနေသူ တစ်ဦးကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ကိုးကား: China Daily

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။