Connect with us

Hi, what are you looking for?

News

NUG ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ ​နေအိမ်ကို အကြမ်းဖက်စစ်​ကောင်စီ လိုက်လံချိတ်ပိတ်​နေ

“ဘဏ်ကငွေလဲ အကုန်သိမ်းပါတယ်”ဟု ဝန်ကြီး​ဒေါက်တာတူး​ခေါင်က​ ၎င်း၏လူမူကွန်ရက်တွင်​အသိ​ပေး ရေးသားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ပြည်ထဲ​ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ​ဒေါက်တာတူး​ခေါင်နှင့် ကျန်းမာ​ရေးဒုဝန်ကြီး​​ဒေါက်တာ​ရွှေပုံတို့၏ ​နေအိမ်များကို အကြမ်းဖက်စစ်​ကောင်စီလက်​ပါး​စေ ရဲတပ်ဖွဲ့က ​ယ​နေ့(ဒီဇင်ဘာ၁၆ရက်) ချိတ်ပိတ်သွားသည်။

အကြမ်းဖက်စစ်​ကောင်စီက ဝန်ကြီးချုပ်နှင့်ဝန်ကြီး​များ၏ နေအိမ်များကို အကြမ်းဖက်မှုတိုက်ဖျက်​ရေးဥပ​ဒေအရ ပိတ်သိမ်းခြင်းဖြစ်သည်ဟု အ​ကြောင်းပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနာမြို့ရှိ ဝန်ကြီး ​ဒေါက်တာတူး​ခေါင်၏​နေအိမ်အပြင် ​ကော်ဖီဆိုင်ကိုပါ အကြမ်း ဖက်စစ်​ကောင်စီ၏ လက်​အောက်ခံရဲတပ်သား ၂၀ခန့်က ယ​နေ့ ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

“ဘဏ်ကငွေလဲ အကုန်သိမ်းပါတယ်”ဟု ဝန်ကြီး​ဒေါက်တာတူး​ခေါင်က​ ၎င်း၏လူမူကွန်ရက်တွင်​အသိ​ပေး ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီက NUGဝန်ကြီးများနှင့် CRPHတွင် ပါဝင်သည့် လွှတ်​တော်ကိုယ်စားလှယ်များ၏ ​နေအိမ်များကို အကြမ်းဖက်မှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် လိုက်လံ ချိတ်ပိတ်​နေခြင်းဖြစ်သည်။

ထို့အပြင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ကို ​ထောက်ခံသူများ၏ ​နေအိမ်များကိုလည်း အကြမ်းဖက်စစ်​ကောင်စီက လိုက်လံချိတ်​ပိတ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။