Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွား

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဓာတ်ပုံ - Na Gwin

မေ -၂၅၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မြိုင်မြို့ရဲ့အရှေ့ မြောက်ဘက်မှာရှိတဲ့ စစ်တပ်အခြေစိုက်ထားတဲ့လင်းကတောကျေးရွာက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီကနေ့(မေ ၂၅ ရက်) မနက်ပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ချောက်တောင်းရွာအဝင်နားမှာ မိုင်းမိတာ။မျက်မြင်သေတာတင် တစ်ယောက်။ထိတာ သုံးယောက်ရှိတယ်။ထမ်းစင်တွေနဲ့ ပြန်သွားတာ”လို့ ‌မြိုင်မြို့နယ်ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၂၄ရက်ကစပြီး မြိုင်မြို့မြောက်ဘက်ခြမ်းက မရိုးကန်ကျေးရွာကို လင်းကတောရွာအခြေစိုက် ထားတဲ့စစ်တပ်က ၀င်ရောက် မီးရှို့ခဲ့တယ်လို့လည်း အသိပေးပါတယ်။

“လင်းကတောမှာက ပုံမှန် စစ်တပ်အင်အား ၅၀ ၀န်းကျင်ရှိတယ်။အခု စစ်ကြောင်းထိုးလာတာက အင်အား ၂၀၀လောက်ပါတယ်။ရေစကြိုဘက်က တပ်တွေ “လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်‌က ပြောပါတယ်။

လင်းကတောစခန်းကို တော်လှန်ရေးတပ်တွေက ၂၀၂၂ နဲ့ ၂၀၂၃ မှာ သိမ်းပိုက်ခဲ့ဖူးပေမယ့် လေကြောင်းကနေ ဗုံးကြဲမှုတွေ ကြောင့် ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။

အခု မေလ ၂၃ ရက်မှာ မြိုင်မြို့နဲ့ ၁၃ မိုင်အကွာက စစ်တပ်တပ်စွဲထားတဲ့ သရက်ကန်ပျူစောထီးရွာကို ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စစ်တပ်က မြိုင်မြို့ပေါ်မှာ စုရုံးတပ်တည်ထားပြီး မြို့တွင်း စီးပွားရေးဘဏ်၊ ရဲစခန်းနဲ့ စျေးတွေမှာ တပ်စွဲထားတာရှိတယ်လို့ ဒေသတွင်းသတရင်းမြစ်က ဆိုပါတယ်။မြိုင်မြို့နယ်ရဲ့စစ်ရေးအခြေအနေတွေအရ မြို့နဲ့ (၁)မိုင်ခွဲအကွာဝန်းကျင်အထိ တော်လှန်ရေးအင်အားစုတွေက စစ်ရေးအရ ဖြန့်ကျက်မှုတွေရှိတယ်လို့ သိရပါတယ်။

သရက်ကန်ရွာသိမ်းခံရပြီးနောက် မြိုင်မြို့အနောက်တောင်ဘက်က တပ်မတော်အကြီးစားစက်ရုံ (တစက ၃) ဒေသအခေါ် စက်မှု (၂)ကို ပခုက္ကူ တပ်မ( ၁၀၁)က ရဟက်ယာဉ်နှစ်စီးနဲ့ လက်နက်ခဲယမ်း နဲ့ အင်အားတွေ ဖြည့်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။