Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်းသိပ္ပံ နည်းပညာ စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး ၅ ဦးသေဆုံး

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Yonhap

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတုန်းက ဆိုးလ်မြို့တော် တောင်ဖက် ကီလိုမီတာ ၁၅၀ လောက် အကွာမှာရှိတဲ့ ဒေဂျုံမြို့ထဲက ဟန်ဟွာ လေကြောင်းသိပ္ပံ နည်းပညာ စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဟန်ဟွာဟာ တောင်ကိုရီးယားရဲ့ လေကြောင်းသိပ္ပံ နည်းပညာ နယ်ပယ်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လုပ်ငန်းစုကြီးတစ်ခု ဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ နေရာကနေ ရုပ်အလောင်း ၅ ခုကို ရှာတွေ့ခဲ့ကြောင်း၊ နောက်ထပ် ၂ ဦးကတော့ မီးလောင်ဒဏ်ရာတွေ ရခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ အနီးတဝိုက်မှာ နေထိုင်သူတွေကတော့ စက်ရုံဖက်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ကြားလိုက်ရကြောင်း ဆိုပါတယ်။

စက်ရုံဝင်း တဝိုက်မှာ မီးသတ်ကား အစီး ၁၀၀ လောက် ရှိနေခဲ့ပြီး နာရီပိုင်းလောက် အကြာမှာ အဓိက မီးလောင်နေတဲ့ အစိတ်အပိုင်းတွေမှာ မီးထိန်းနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုဖြစ်စဉ်ကို သမ္မတ လီဂျေမြောင်ဆီ အစီရင်ခံထားကြောင်းနဲ့ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ အရာရှိ ကန်ယုဂျောင်က ပြောပါတယ်။ သမ္မတကလည်း ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းစဉ်တွေအတွက် ရှိသမျှ အရင်းအမြစ် အားလုံးကို အသုံးပြုဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေနဲ့ မီးသတ်တွေကတော့ မီးလောင်လွယ်တဲ့ ဒုံးကျည် တွန်းကန်စနစ်သုံး ဓာတ်ပစ္စည်းတွေကနေ ပေါက်ကွဲမှု စတင်ခဲ့တယ်လို့ ယူဆထားပါတယ်။ အဲဒီ စက်ရုံဟာ ဒုံးကျည်နဲ့ တခြား စစ်သုံး လျှို့ဝှက်အဆင့် ခဲယမ်းမီးကျောက်တွေလည်း ထုတ်လုပ်လေ့ ရှိပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေဆဲပါ။

ဒေဂျုံမှာရှိတဲ့ အဲဒီစက်ရုံမှာ ၂၀၁၈ နဲ့ ၂၀၁၉ တွေတုန်းကလည်း အဲဒီလိုပဲ ဒုံးကျည် တွန်းကန်စနစ်နဲ့ ဆက်နွှယ်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူအသေအပျောက်တွေလည်း ရှိခဲ့ဖူးပါတယ်။

ကိုးကား: Korea Herald

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

Facebook