Connect with us

Hi, what are you looking for?

သတင်း

မိခင်ရဲ့မွေးနေ့အတွက် ၈၁ ကီလိုမီတာ စကိတ်စီးမယ့် ကင်မ်

စစ်တပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အမှတ်တရအတွက် ၈၁ ကီလိုမီတာ စကိတ်စီးသွားမယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်း ကပြောပါတယ်။

ဇွန်-၁၊၂၀၂၆။သတိုး/People’s Spring

စစ်တပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အမှတ်တရအတွက် ၈၁ ကီလိုမီတာ စကိတ်စီးသွားမယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်း ကပြောပါတယ်။

“မြန်မာနိုင်ငံမှာ မွေးနေ့ဆိုရင် လက်ဆောင် ပေးတတ်ကြပါတယ်။မေမေရဲ့ ၈၁ နှစ်မြောက် မွေးနေ့ အတွက် တစ်ခုခု လုပ်ချင်ပါတယ်။မနှစ်က ကျွန်တော် ၈ ရက်အတွင်း ၈၀ ကီလိုမီတာ ပြေးခဲ့ပါတယ်။ဒီနှစ်မှာတော့ တစ်ရက်တည်းနဲ့ ၈၁ ကီလိုမီတာ စကိတ်စီးသွားမှာပါ။” လို့ ဒီနေ့(‌ဇွန်၁) မှာ ကင်မ်ရဲ့ဖေ့စ်ဘွတ်ခ်ကနေ ဗီဒီယိုဖိုင်နဲ့ အသိပေးထားတာပါ။

ဒါ့အပြင် စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြဖို့ ပြုလုပ်နေတဲ့ Proof Of Life လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

“ပါဝင်သူ များလာလေလေ၊ ကျွန်တော်တို့ရဲ့ စုပေါင်းအသံ ပိုမိုကျယ်လောင်လာလေလေ၊ အမှန်တရားကို တောင်းဆိုတဲ့ ကမ္ဘာကြီးရဲ့ အသံကို လျစ်လျူရှုဖို့ ပိုခက်ခဲလာလေလေ ဖြစ်ပါတယ်။

ကျွန်တော်တို့ အတူတကွ မျှော်လင့်ချက်ကို တည်ဆောက်နိုင်ပါတယ်။ အမှန်တရားအတွက် တောင်းဆိုသံကို ပိုမိုကျယ်လောင်စေနိုင်ပါတယ်။” လို့ ကင်မ်က ပြောပါတယ်။

ဇွန် ၁၉ မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်အမှတ်တရ အနေနဲ့ ပြည်သူတွေဘက်က ၈၁ နဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေကို ဇွန် ၁ ကနေ ၁၉ ရက်အတွင်းပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Proof Of Life ကမ်ပိန်းကို ဧပြီ တတိယပတ်မှာကင်မ် ဦးဆောင်ပြီး စတင်ခဲ့ပေမယ့် စစ်တပ်ဘက်ကတစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

“ရိုးရှင်းတဲ့ မေးခွန်းတစ်ခုကို အတူတကွ မေးကြရအောင်။”ကျွန်တော့်မေမေ အသက်ရှင်နေသေးရဲ့လား?” ” လို့ ကင်မ်က မေးခွန်းထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။