Connect with us

Hi, what are you looking for?

News

တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မင်းတပ် CDF တိုက်ပွဲဖြစ်

“(ဒေသခံ)ရာဂဏန်းပဲ ရှိပါဦးမယ်။ အနီးနားက ရွာတွေပါ စစ်ရှောင်နေကြပါပြီ”ဟု မင်းတပ် CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-MINDAT အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း မင်းတပ်မြို့နယ် ပအဖ(သတင်းအဖွဲ့)က ထုတ်ပြန် သည်။

ယနေ့(ဒီဇင်ဘာ ၁၇)နေ့လယ် ၁နာရီခန့်တွင် မင်းတပ်မြို့နယ် ဘုရားစခန်းရွာသို့ စစ်ကောင်စီတပ်က ကျေးရွာတောလမ်းမှတဆင့် ရောက်လာခဲ့ပြီးနောက် မင်းတပ် CDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် လက်ရှိအ​​​ခြေအနေတွင် ဘုရားစခန်းကျေးရွားနှင့် အနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ အရေးပေါ်တိမ်းရှောင်နေရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“(ဒေသခံ)ရာဂဏန်းပဲ ရှိပါဦးမယ်။ အနီးနားက ရွာတွေပါ စစ်ရှောင်နေကြပါပြီ”ဟု မင်းတပ် CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ​ဒေသကာကွယ်ရေးတပ် မင်းတပ် CDFတို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိသော ဘုရားစခန်းကျေးရွာသည် မရှိန်းလှော် (အမ်တာ)ကျေးရွာအုပ်စုအတွင်းတည်ရှိပြီး တစ်အုပ်စုလုံးတွင် လူဦးရေ ၉၀၀ ကျော်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook