Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်အရှေ့ခြမ်းက ရွာတွေကို စစ်တပ် ဗုံးကြဲနေ

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

ဇွန်-၅ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

ဒီကနေ့(ဇွန်လ ၅ ရက်) နေ့လယ်ပိုင်းမှာ နတ်မောက်အရှေ့ခြမ်းက ရုံးပင်ကွက်‌ကျေးရွာဘုန်းတော်ကြီးကျောင်းကို ရော့ကတ် ၂လုံး၊ ပေါင် ၅၀၀ဗုံး ၁လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

” ကျောင်းနေ ဆရာတော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလည်း ဝေဟင်ကနေအဆက်မပြတ်ဝဲနေဆဲဖြစ်ပါတယ်။ မြေပြင်ကနေလည်း စခ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပါတယ်။ ပြည်သူများ အထူးသတိနဲ့နေကြပါ”လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နတ်မောက်မြို့မှာ အင်အားစုဖွဲ့ထားတဲ့ စစ်တပ်က စစ်ကြောင်း ၂ကြောင်းနဲ့ ဇွန်လ ၃ရက်က ထပ်မံထိုးစစ်ဆင်လာတာလို့ နတ်မောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

“သမုန်းကုန်းကြီးရွာနဲ့ သီးချောင်းတပ်စွဲထားတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေလည်းမကြာခဏ ဖြစ်နေပြီး စစ်ရေးအရ လတ်တလောအခြေအနေအသေးစိတ်ကို သီးခြားထုတ်ပြန်မယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

ဇွန်လ ၃ ရက် နေ့လယ်ပိုင်းကလည်း နတ်မောက် -ပျော်ဘွယ်လမ်းမကြီးဘေးက သမှုန်းကုန်းကြီးရွာကို စစ်တပ်စစ်ကြောင်းက မီးရှို့ခဲ့ပါတယ်။

နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ အခုနှစ် ၂၀၂၆ ဧပြီကတည်းက မကြာခဏစစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ဖတ်တောရေ၊ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက် ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်း မီးရှို့တဲ့အပြင် အရပ်သား ၃ဦးထက်မနည်း သတ်ဖြတ်ထားပါတယ်။

နတ်မောက်မြို့နယ်ကို မြို့သစ်မြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ အင်အား ၃၀၀ ခန့်နဲ့ စစ်တပ်က ဧပြီ ၁ရက်ကစလို့ စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်စခန်းတွေ ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ် သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မစစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။

https://www.facebook.com/reel/1022116106944297

ရုပ်သံ – နတ်မောက် ပကဖ

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။