Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ (၈၁)နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ သြစတြေးလျရောက် မြန်မာတွေ ပြုလုပ်

သြစ​တြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အသက် (၈၁) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို မနေ့(ဇွန်လ ၆)က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ- Kim Aris

ဇွန်-၇၊၂၀၂၆။သုည/People’s Spring

သြစ​တြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အသက် (၈၁) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို မနေ့(ဇွန်လ ၆)က ပြုလုပ်ခဲ့ပါတယ်။

ယင်းဆုတောင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်အဲရစ် (ခေါ်) ထိန်လင်း နဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

သြစတြေးလျရောက် မြန််မာတွေက မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာပြီး ကြုံတွေ့ရတဲ့ အချုပ်အနှောင်တွေက လွတ်မြှောက်စေဖို့ မေတ္တာဖြန်ဝေ ဆုတောင်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

“မေမေ့ကျန်းမာရေး၊ သုခချမ်းသာရှိဖို့နဲ့ လွတ်မြောက်ရေးတို့အတွက် မြန်မာ့ထုံးတမ်းယဉ်ကျေးမှုနဲ့အညီ ရက်ရောစွာလှုဒါန်းမှု၊ တောင်းဆုပြုမှုတွေနဲ့ ပြည့်ဝနေတဲ့ ညနေခင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အားလုံးရဲ့ ဆန္ဒပြင်းပြခိုင်မာမှုက ကျွန်တော့်ကို မျှော်လင့်ချက်နဲ့ ခွန်အားဖြစ်စေပါတယ်” လို့လည်း ကင် က လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ယင်းပွဲမှာ ရရှိတဲ့ သြစတေးလျ ဒေါ်လာ ၆သောင်း ကျော် (AUD 60,000) ကိုလည်း နိုင်ငံရေး အကျဉ်းသားများကို ကူညီထောက်ပံ့ဖို့နဲ့ မြန်မာနိုင်ငံရှိ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားမယ်လို့ ကင် က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာတစ်ခုကနေ အခြားတစ်နေရာကို ပြောင်းရွှေ့ခြင်းဟာ လွတ်လပ်မှု မဟုတ်ကြောင်း၊ ဓားစာခံအဖြစ် ရှိနေသေးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ ကမ္ဘာလုံးဆိုင်ရာ Global Proof of Life Challenge ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ကင်က ရေးသားဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။