Connect with us

Hi, what are you looking for?

News

မြိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှသေဆုံးသူများအနက် ရဲစခန်းမှူးတစ်ဦးပါဝင်

“ရဲမှူးကျော်မင်းထွန်း မြိုင်မှာ မိုင်းဆွဲခံရလို့ သေသွားတယ်။ သူက စစ်တပ်ကနေ အသွင်ပြောင်း”ဟုရဲမှုးကျော်မင်ထွန်း၏ မိတ်ဆွေတစ်ဦးက People’s Springသို့ပြောသည်။

(မြိုင် မြို့နယ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ​​သေဆုံးသူတစ်ဦး။ ဓါတ်ပုံ-မြိုင်PDF)

မြိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီယာဥ်တန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်အပြီး အပြန်အလှန်တိုက်ပွဲတွင် ပေါက်မြို့နယ် ရဲစခန်းမှူးပါသေဆုံးသွားကြောင်း စခန်းမှူး၏ မိတ်ဆွေအချို့က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၇)က မြိုင်နှင့်ပေါက်မြို့နယ် ကြား နေရာအချို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့သည်။ ရဲတပ်ဖွဲ့ဝင် ငါးဦးအပါအဝင် စစ်ကောင်စီဘက်က ကိုးဦးသေဆုံးကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။ သေဆုံးသည့် ရဲတပ်ဖွဲ့ဝင် ငါးဦးထဲတွင် ပေါက်မြို့နယ် ရဲစခန်းမှူး ရဲမှူးကျော်မင်းထွန်းပါဝင်သည်ဟုသိရသည်။

“ရဲမှူးကျော်မင်းထွန်း မြိုင်မှာ မိုင်းဆွဲခံရလို့ သေသွားတယ်။ သူက စစ်တပ်ကနေ အသွင်ပြောင်း”ဟုရဲမှုးကျော်မင်ထွန်း၏ မိတ်ဆွေတစ်ဦးက People’s Springသို့ပြောသည်။

ရဲမှူးကျော်မင်းထွန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင်လည်း တာဝန်ကျခဲ့ဖူးပြီး မြိုင်သို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်မှာ သုံးလခန့်သာ ရှိသေးသည်ဟု ကွတ်ခိုင်ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၇ရက်က မြိုင်နှင့်ပေါက်မြို့နယ် ကြား စစ်ကောင်စီအား တိုက်ခိုက်မှုကို မြိုင် PDFနှင့် Myaing Villages Revolution Front – MVRFက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း မြိုင် PDFကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။