Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်တင့်ကားတွေ ကမ္ဘောဒီးယားဆီ တင်ပို့မှုကို ထိုင်းစစ်တပ် စောင့်ကြည့်နေ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Army Military Force - สำรอง

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

ကမ္ဘာဒီးယားဟာ မကြာသေးခင်က တရုတ်ဆီကနေ T59D အမျိုးအစား တင့်ကား ၃၉ စီးကို လက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ အဲဒီ တင့်ကားတွေကို စစ်ရေးအရ တင်းမာမှုတွေ ရှိနေတဲ့ ထိုင်းနဲ့ နယ်စပ်ဆီ ပို့ဆောင် ဖြန့်ကျက်တာမျိုး မရှိသေးပါဘူး။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မနှစ်တုန်းက နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး စစ်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ လက်ရှိ နယ်စပ် အခြေအနေတွေက ဆူလွယ်ပွက်လွယ် ရှိနေသေးပေမယ့် နှစ်ဖက်အာဏာပိုင်တွေက နိုင်နိုင်နင်းနင်း ထိန်းသိမ်းထားနိုင်ဆဲလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ထိုင်းကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး အဒူလ် ဘွန်သမ်ချာရုန်ကတော့ တရုတ်တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ ကိစ္စကို ထိုင်းစစ်တပ်က စောင့်ကြည့်နေကြောင်း အတည်ပြုခဲ့ပေမယ့် နယ်စပ် လုံခြုံရေးကို ထိခိုက်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကိုတော့ ပယ်ချသွားပါတယ်။

Public Service Announcement

Public Service Announcement

သူက ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူနဲ့အတူ အစောပိုင်းက ဗီယက်နမ်ကို သွားရောက်စဉ်မှာ တရုတ် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။ ကမ္ဘောဒီးယားဆီ တရုတ် တင့်ကားတွေ တင်ပို့တာဟာ နှစ်နိုင်ငံကြားက ရှိရင်းစွဲ လက်နက် အရောင်းအဝယ် သဘောတူညီမှု တစ်ခုနဲ့ ပတ်သက်နေတယ်လို့ သူသဘောပေါက်ထားကြောင်း အဒူလ်က ဆိုပါတယ်။

အဲဒီတင့်ကားတွေဟာ မော်ဒယ် အဟောင်းတွေဖြစ်ပြီး တရုတ်က အထိုက်အလျောက် မွမ်းမံ အဆင့်မြှင့်ထားတာလို့လည်း အဒူလ်က ပြောပါတယ်။ ကမ္ဘောဒီးယားဟာ တင့်ကားတွေသာ မကဘဲ တခြား စစ်လက်နက်တွေကိုလည်း ကာကွယ်ရေး ကဏ္ဍအတွက် ဝယ်ယူဖြည့်တင်းနေတာကို ထိုင်းက ထောက်လှမ်း သိရှိထားကြောင်း သူက ဆက်ပြောပါတယ်။

တရုတ်တင့်ကားတွေက နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ အဒူလ်က ကမ္ဘောဒီးယားစစ်တပ် ဘယ်လို အသုံးပြုမလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ လောလောဆယ် ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းတွေအရ တင့်ကားတွေဟာ ကမ္ဘောဒီးယားရဲ့ ဆိပ်ကမ်းတစ်ခုမှာသာ ရှိနေဆဲလို့လည်း အတည်ပြုနိုင်ကြောင်း သူက ဆိုပါတယ်။

ကမ္ဘောဒီးယားဆီ တရုတ်က T59D တင့်ကား စုစုပေါင်း ၉၃ စီးထိ တင်ပို့သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီကိစ္စကို ထိုင်းဖက်က ကန့်ကွက်မလားလို့ သတင်းထောက်တွေက မေးတဲ့အခါ အဒူလ်က ကမ္ဘောဒီးယားဟာ အဲဒီတင့်ကားတွေကို နယ်စပ်ဆီ ယူလာမလာ ဆိုတာကို အရင်ဆုံး စောင့်ကြည့်ဦးမယ်လို့ ပြောကြားသွားပါတယ်။

ဝန်ကြီးချုပ် အနူတင်ကလည်း တရုတ်ရဲ့ T-59D တင့်ကားတွေ ကမ္ဘောဒီးယားကို ရောက်လာတာက အရမ်းစိုးရိမ်စရာ မဟုတ်ဘူးလို့ ဇွန်လ ၁၀ ရက်နေ့မှာ သီးခြားမှတ်ချက်ပေးခဲ့ပါတယ်။ ဒါဟာ တရုတ်-ကမ္ဘောဒီးယား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအမံရဲ့ အစိတ်အပိုင်း တစ်ခုသာဖြစ်ပြီး ထိုင်းအတွက် တိုက်ရိုက် ခြိမ်းခြောက်မှုလို့ မသတ်မှတ်နိုင်ကြောင်း၊ ပြီးတော့ ထိုင်းစစ်တပ်ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်တွေကို ပီပီပြင်ပြင် ဆက်လက် ထမ်းဆောင်နေကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ဇွန်လ ၉ ရက်နေ့မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန်းက ထိုင်းနိုင်ငံဆီ ဆုံးရှုံးခဲ့တဲ့ နိုင်ငံပိုင်နက် နယ်မြေတွေကို ပြန်လည် ရယူလိုတဲ့ သဘောမျိုး ပြောကြားခဲ့ပါတယ်။ သူက ထိုင်းနဲ့ စစ်ရေး ပဋိပက္ခတွေ စမဖြစ်ခင်မှာ နိုင်ငံရဲ့ စစ်အင်အားကို လုံလောက်အောင် ဖြည့်တင်း ပြင်ဆင်မထားမိတဲ့အပေါ် ကမ္ဘောဒီးယား ပြည်သူတွေကိုလည်း တောင်းပန်ခဲ့ပါတယ်။ ဟွန်ဆန်းက သူဟာ ထိုင်းအပေါ် အလွန်အကျွံ ယုံကြည်မိခဲ့တာကြောင့် လက်နက်တွေ များများ ဝယ်မထားမိခဲ့တာလို့လည်း ပြောကြားသွားပါတယ်။

ကိုးကား: The Nation, ANN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။