Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်တွင် ပြည်သူများလိုက်နာရမည့်အချက်လေးချက်ကို KNU ထုတ်ပြန်

ကေအဲန်ယူ-သထုံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသော ပြည်သူများအနေဖြင့် ထုက်ပြန်ကြေငြာချက်ပါ အချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်​ကြောင်းလည်း ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေစဥ်ကေအဲန်ယူ သထုံမြို့နယ် အလုပ်အမှု ဆောင်ကော်မတီက ပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက်ပါသော ကြေငြာချက်တစ်ရပ်ကို ယနေ့ ထုက်ပြန်လိုက်သည်။

ပြည်သူလူထုအနေဖြင့် ဒေသတွင်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာရန်၊ သထုံခရိုင်-သထုံမြို့နယ်၊ တပ်ရင်း (၂)ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဥ်ဖြစ်သည့် ကားဖြင့်ခရီး သွားလာပါက ကားမှန်များကို ချ၍မောင်းနှင်ရန် ၊ မော်တော်ကား၊ ဆိုင်ကယ် စက်တပ်
ယာဥ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးလိုပါက ကြည်ဖြူစွာ လက်ခံပေးရန်နှင့်ပြည်သူများအနေဖြင့် အရေးပေါ် ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံ ဆက်သွယ် အကြောင်းကြားရန် ​တိုက်တွန်းထားသည်။

ကေအဲန်ယူ-သထုံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသော ပြည်သူများအနေဖြင့် ထုက်ပြန်ကြေငြာချက်ပါ အချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်​ကြောင်းလည်း ပါရှိသည်။

KNU ထိန်းချုပ်နာ်မြေ လေးကေ့ကော်မြို့ သစ်တွင် စစ်ကောင်စီက ဒီဇင်ဘာ ၁၄ရက်တွင် အဓမ္မဝင်ရောက်ပြီးနောက်ခိုလှုံ​နေသူ၃၀ ကို ဖမ်းဆီးခဲ့သည်။ စစ်​ကောင်စီတပ်က ကျူး​ကျော်ဝင်​ရောက်လာမှု​ကြောင့် စစ်​ရေးတင်းမာလာပြီး​နောက်ဒီဇင်ဘာ ၁၅ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယ​နေ့တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွား​နေပြီး တိုက်ပွဲ ပြင်းထန်လာသည့် အပြင်တိုက်ပွဲဧရိယာလည်းကျယ်ပြန့်လာသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ဒီဇင်ဘာ၁၇ ရက်နှင့်ယ​နေ့နံနက် အ​စောပိုင်းတွင်လည်း သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးယန္တရားခိုင်မာရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာတွေ ဆွေးနွေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။