Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်တွင် ပြည်သူများလိုက်နာရမည့်အချက်လေးချက်ကို KNU ထုတ်ပြန်

ကေအဲန်ယူ-သထုံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသော ပြည်သူများအနေဖြင့် ထုက်ပြန်ကြေငြာချက်ပါ အချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်​ကြောင်းလည်း ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေစဥ်ကေအဲန်ယူ သထုံမြို့နယ် အလုပ်အမှု ဆောင်ကော်မတီက ပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက်ပါသော ကြေငြာချက်တစ်ရပ်ကို ယနေ့ ထုက်ပြန်လိုက်သည်။

ပြည်သူလူထုအနေဖြင့် ဒေသတွင်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာရန်၊ သထုံခရိုင်-သထုံမြို့နယ်၊ တပ်ရင်း (၂)ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဥ်ဖြစ်သည့် ကားဖြင့်ခရီး သွားလာပါက ကားမှန်များကို ချ၍မောင်းနှင်ရန် ၊ မော်တော်ကား၊ ဆိုင်ကယ် စက်တပ်
ယာဥ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးလိုပါက ကြည်ဖြူစွာ လက်ခံပေးရန်နှင့်ပြည်သူများအနေဖြင့် အရေးပေါ် ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံ ဆက်သွယ် အကြောင်းကြားရန် ​တိုက်တွန်းထားသည်။

ကေအဲန်ယူ-သထုံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသော ပြည်သူများအနေဖြင့် ထုက်ပြန်ကြေငြာချက်ပါ အချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်​ကြောင်းလည်း ပါရှိသည်။

KNU ထိန်းချုပ်နာ်မြေ လေးကေ့ကော်မြို့ သစ်တွင် စစ်ကောင်စီက ဒီဇင်ဘာ ၁၄ရက်တွင် အဓမ္မဝင်ရောက်ပြီးနောက်ခိုလှုံ​နေသူ၃၀ ကို ဖမ်းဆီးခဲ့သည်။ စစ်​ကောင်စီတပ်က ကျူး​ကျော်ဝင်​ရောက်လာမှု​ကြောင့် စစ်​ရေးတင်းမာလာပြီး​နောက်ဒီဇင်ဘာ ၁၅ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယ​နေ့တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွား​နေပြီး တိုက်ပွဲ ပြင်းထန်လာသည့် အပြင်တိုက်ပွဲဧရိယာလည်းကျယ်ပြန့်လာသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ဒီဇင်ဘာ၁၇ ရက်နှင့်ယ​နေ့နံနက် အ​စောပိုင်းတွင်လည်း သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook