Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင် တရုတ်ကိုရောက်နေချိန် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်တိုးကာမှု တရုတ်အရှိန်မြှင့်နေ

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

(မြန်မာ-တရုတ် နယ်စပ်တ​နေရာမှာ တရုတ်နိုင်ငံဘက်ကခြံစည်းရိုးတိုးကာ​နေတာကို၂၀၂၆ ​မေလဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့ )

စိုင်းနောင်/People’s Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

“အရင်ကလည်းကာနေတာ။ ဒီနေ့ကတော့ စက်အသစ်တွေရောက်လာတာတွေ့တယ်။ တော်တော်ကိုအင်တိုက်အားတိုက်လုပ်နေတာ။ကျမကိုယ်တိုင်တွေ့တာပါ” လို့ နမ့်ခမ်းမြို့ခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဇွန် ၁၅ ရက်က​နေ ငါးရက်တာခရီးရောက်ရှိနေပြီး တရုတ်သမ္မတရှီကျင့်ဖျင်နဲ့လည်း ဇွန် ၁၆ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နမ့်ခမ်းကို တအာင်းတပ်(TNLA)က ထိန်းချုပ်ထားတယ်ဆိုပေမယ့်ရှမ်းတပ်(SSPP) လည်း ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါ​ပေမယ့် တရုတ်ကခြံစည်းရိုး တိုးကာနေတာကို တားဆီးမဲ့သူမရှိဘူးလို့ ဒေသခံတွေကဝေဖန်ပါတယ်။

မြန်မာ-တရုတ် နယ်စပ်ဟာ စုစုပေါင်း ၂,၁၂၉ ကီလိုမီတာ (၁,၃၂၃ မိုင်) ခန့် ရှည်လျားပြီး မြန်မာနိုင်ငံရဲ့ အရှည်ဆုံး ကုန်းမြေချင်းဆက်စပ်​နေတဲ့ နိုင်ငံဖြစ်ပါတယ်။

ဇွန် ၁၆ ရက်မနက်ပိုင်းကတွေ့ရတဲ့အခြေအနေမှာ စစ်တပ်ထိန်းချုပ်ထားတဲ့မူဆယ်မြို့နယ်ထဲကနေရာအချို့မှာလည်း တရုတ်ဘက်ကနေမြန်မာဘက်ကိုတိုးပြီးခြံစည်းရိုးကနေတာတွေ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဝတပ်ဖွဲ့(UWSA)၊ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)၊ ရှမ်းတပ်(SSPP) ထိန်းချုပ်ဒေသတွေအပြင် စစ်တပ်နဲ့ ပြည်သူ့စစ်တွေထိန်းချုပ်ထားတဲ့နေရာတွေက နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကို ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး တရုတ်ကမြန်မာဘက်ခြမ်းကိုတိုးပြီးကာနေတာဖြစ်ပါတယ်။ မြန်မာဘက်ကို ပေ ၁၀၀ ကနေ ၅၀၀ ခန့်အထိ တိုးကာနေတာကိုတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ တရုတ်ဘက်က နယ်စပ်ခြံစည်းရိုး မြန်မာဘက်တိုးကာ​နေမှုအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ယက်ကတစ်ဆင့် ပြင်းပြင်းထန်ထန်ဝေဖန်နေကြ​ပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်ကရော၊ သက်ဆိုင်ရာဒေသတွေကိုထိန်းချုပ်ထားတဲ့လက်နက်ကိုင်အဖွဲ့တွေကပါ နှုတ်ဆိတ်​နေကြဆဲဖြစ်ပါတယ်။ဒါ့အပြင် တရုတ်ကခြံစည်းရိုးကာနေတဲ့ဖြစ်စဉ်ကို ဝေဖန်ခြင်းမပြုကြဖို့ အာဏာသိမ်းစစ်အုပ်စုက စစ်တပ်လက်​​အောက်ခံမီဒီယာ​တွေနဲ့ စစ်တပ်အတွက်ဝါဒဖြန့် ​ပေး​နေသူ​တွေကိုပါသတိပေးခဲ့ပါတယ်။

“တရုတ်က မင်းအောင်လှိုင်ကိုဖိတ်ပြီး မြန်မာနိုင်ငံကိုအရေခွံနွှာမှာပဲ။ ဒီ​နေ့ခြံစည်းရိုးကာတာကိုလည်းအရှိန်မြှင့်နေတာ အမှန်ဘဲ။ မင်းဘာသံမှမထွက်နဲ့လို့ တစ်ဖက်လက်နဲ့သတိပေးပြီး ကာနေတာ”လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ရှိနေချိန် နယ်စပ်ခြံစည်းရိုးမြန်မာဘက်ကိုတိုးကား နေတဲ့အခြေအနေကို ရှမ်းမြောက်သတင်းရင်းမြစ်တဦးကပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်ကတရုတ်သမ္မတနဲ့​တွေ့ဆုံ​ဆွေး​နွေးစဥ်မှာ မြန်မာနိုင်ငံတွင်းကတရုတ်လုပ်ငန်း​တွေနဲ့ တရုတ်နိုင်ငံသား​တွေကိုအစွမ်းကုန်ကာကွယ်မယ်လို့ကတိ​ပေးခဲ့ပါတယ် ။ ဒါ​ပေမယ့် တရုတ်အစိုးရက ​ရော ၊အိန္ဒိယအစိုးရက​ရော နယ်စပ်​တွေမှာ ခြံစည်းရိုးတိုးကာ​နေကြပြီး ​မြေကိုရယူ​နေတဲ့အ​ပေါ်မှာ​တော့ အာဏာသိမ်းစစ်တပ်က ထုတ်​ဖော်​ပြောဆိုတာတစ်ကြိမ်မှ မရှိ​သေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။