Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည့်​မွေး​နေ့ ဘန်ကောက်ကစစ်တပ်သံရုံးနှင်းဆီပန်းသွားပေးသူပြန်လွတ်

ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

(ထိုင်းရဲစခန်းမှာ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းနဲ့ အဖွဲ့ကို​တွေ့ရစဥ်)

ဇွန်-၁၉၊ ၂၀၂၆/ဒီဒီးPeople’s Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်တပ်သံရုံးကို နှင်းဆီပန်း၈၁ပွင့်သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီကနေ့ (ဇွန်လ ၁၉)မနက်ပိုင်းမှာ ကိုနေရှိုင်းနဲ့ အဖွဲ့ကထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က အာဏာသိမ်းစစ်တပ်သံရုံးရှေ့ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်း၈၁ ပွင့်သွားပေးခဲ့တာဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြုချက် တောင်းခံမှုမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အေအေစီမဟာမိတ်က ဦးခိုင်ကြီးက ပြောပါတယ်။ ဒါပေမယ့် ထိုင်းရဲတပ်ဖွဲ့က နှင်းဆီပန်းပေးရတဲ့အကြောင်းအရင်းကို မေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုခိုင်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တာဝန်ရှိသူတွေက ဆူးနှင်းဆီ ဝေရတဲ့ မူရင်းဦးတည်ချက်တွေမေးပြီး အားလုံးက ကိုယ်ချင်းစာနာစိတ်တွေရှိကြတယ်။ စစ်ဆေးပြီး ပြန်လွတ်ပေးလိုက်ပါပြီ”လို့ ဦးခိုင်ကြီးက ပြောပါတယ်။

“ကျနော် ရဲစခန်းကနေ ပြန်လာပါပြီ။ (ခေါ်စစ်ဆေးတာပါ )Amazoneကော်ဖီလည်း ကျနော့ကို ဝယ်တိုက်လိုက်တယ်။ ရဲစခန်းတခုလုံးကိုလည်း အမေ့ရဲ့ မွေးနေ့အမှတ်တရ နှင်းဆီပန်းတွေ ဝေပေးခဲ့တယ်။ အမေစုပုံပါ ကျနော်ဝတ်တဲ့ အကျီမှာ လက်မှတ်တွေလည်း အမှတ်တရ ထိုးခိုင်းလိုက်တယ်။ ဥပဒေစိုးမိုးတဲ့ ထိုင်းနိုင်ငံနဲ့ ဥပဒေတိုင်း စီစစ်မေးမြန်းကြသောထိုင်းအရာရှိများ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ခေါ်ယူမေးမြန်းခံရတဲ့ ကိုနေရှိုင်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ကိုနေရှိုင်းဟာဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ်ဇွန်လ ၁၈ရက်ကလည်း မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကအာဏာသိမ်းမြန်မာစစ်တပ်ရဲ့စစ်သံရုံးကို နှင်းဆီပန်းသွားပေးခဲ့သေးပါတယ်။

ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်းနေရာအနှံ့အပြားမှာ “နှင်းဆီလှုပ်ရှားမှု” (ပန်းသပိတ်) နဲ့ ဆန္ဒပြမှုတွေကို ပုံစုံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

ဒါ့အပြင်ရန်ကုန်မြို့ နိုင်ငံတကာသံရုံးတွေကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ဆုမွန်ကောင်းတောင်းဆိုတာတွေလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။