Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ၆ ခုမှာ ဂိုးသွင်းတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ရော်နယ်လ်ဒို မှတ်တမ်းသစ် ရေးထိုး

မတူညီတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အကြိမ်အများဆုံး ဂိုးသွင်းနိုင်တဲ့ စံချိန်သစ်ကို စိုက်ထူနိုင်ခဲ့တဲ့နောက် အထူးပျော်ရွှင်မိကြောင်း ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားသွားပါတယ်။

ဓာတ်ပုံ - Reuters

မတူညီတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အကြိမ်အများဆုံး ဂိုးသွင်းနိုင်တဲ့ စံချိန်သစ်ကို စိုက်ထူနိုင်ခဲ့တဲ့နောက် အထူးပျော်ရွှင်မိကြောင်း ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားသွားပါတယ်။

ပေါ်တူဂီဟာ ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ်မှာ ကွန်ဂိုနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး အသက် ၄၁ နှစ်အရွယ် ရော်နယ်လ်ဒိုလည်း ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။ တစ်ချိန်က ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ဂိုးသွင်းစက် ဖြစ်ခဲ့တဲ့ တိုက်စစ်မှူးဟာ အသက်အရွယ်အရ လုံးဝဥဿုံ အကျပိုင်း ရောက်နေပြီဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဇွန်လ ၂၃ ရက် ညပိုင်းမှာတော့ ပေါ်တူဂီဟာ ကမ္ဘာ့ဖလားရဲ့ မျက်နှာသစ် အာရှအသင်း ဥဇဘက်ကစ္စတန်ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို ရော်နယ်လ်ဒိုကလည်း ကိုယ်တိုင် ၂ ဂိုး သွင်းခဲ့ပါတယ်။ အဲဒီ စွမ်းဆောင်မှုကြောင့်ပဲ ရော်နယ်လ်ဒိုဟာ အခုဆိုရင် မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ခုမှာ ဂိုးသွင်းဖူးတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ် ဆွတ်ခူးဖူးတဲ့ ရော်နယ်လ်ဒိုဟာ ဂိုးသွင်းပြီးတဲ့နောက် ကင်မရာတွေဆီ လှည့်ပြီး ‘ငါပြန်လာပြီ’လို့လည်း ရေရွတ်ပြသွားခဲ့ပါတယ်။ သူ့ရဲ့ ခမ်းနားတဲ့ စံချိန်သစ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတဲ့အခါ သူအရမ်းပျော်နေတဲ့အကြောင်း ရော်နယ်လ်ဒိုက ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက အသင်းအနေနဲ့ ရယူခဲ့တဲ့ နိုင်ပွဲဖြစ်ပြီး ဒီရလဒ်က တစ်သင်းလုံးအတွက် ယုံကြည်စိတ် မြင့်တက်လာစေတယ်လို့လည်း ရော်နယ်လ်ဒိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဦးချင်း စွမ်းဆောင်ရည်ဆိုင်ရာ စံချိန်သစ်တွေ၊ မှတ်တမ်းသစ်တွေ ပိုင်ဆိုင်လာတိုင်း ကျေနပ်စရာ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့ရဲ့ ဦးစားပေး ရည်မှန်းချက်ကတော့ အမြဲတမ်း အသင်းကို အကောင်းဆုံး အကူအညီ ပေးဖို့သာဖြစ်ကြောင်းလည်း ကမ္ဘာပေါ်မှာရှိသမျှ ဘောလုံးသမား အားလုံးထဲမှာ လက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ ရွှေအိုရောင် ကြယ်ပွင့်ကြီးက ပြောပါတယ်။ သူဟာ အခုဆိုရင် ပေါ်တူဂီအတွက် ပွဲပေါင်း ၂၃၀ ကစားပြီး ၁၄၅ ဂိုးထိ သွင်းယူပေးထားပါတယ်။

ပေါ်တူဂီ အသင်းဟာ ခက်ခဲတဲ့ သီတင်းပတ် တစ်ခုကို ဖြတ်သန်းခဲ့ရကြောင်း၊ ဒါပေမဲ့ လုပ်နေကျ အတိုင်းပဲ ပေါ်တူဂီဟာ ကောင်းမွန်တဲ့ တုံ့ပြန်မှုနဲ့ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ အသင်းသားတွေက ကိုယ်လုပ်နေတဲ့ အရာမှန်သမျှအပေါ် ယုံကြည်မှု အပြည့်ရှိကြောင်း၊ ခက်ခဲခဲ့ပေမယ့် ပေါ်တူဂီ ပြန်လာနိုင်ခဲ့ပြီဖြစ်ကြောင်း ရော်နယ်လ်ဒိုက ပြောကြားသွားပါတယ်။

ပေါ်တူဂီဟာ အုပ်စု(ဋ)ရဲ့ အုပ်စုဗိုလ် နေရာလုပွဲအဖြစ် ဇွန်လ ၂၈ ရက်နေ့ကျရင် ကိုလံဘီယာ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုဟာ အသင်းရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးမယ့်သူအဖြစ် အမြဲတမ်း ရပ်တည်နေခဲ့ကြောင်း ပေါ်တူဂီ မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ဆိုပါတယ်။

ကွန်ဂိုကို သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပေါ်တူဂီဟာ ဆူဆူညံညံ ဝေဖန်မှုတွေကြားမှာ အတော်လေး ခက်ခဲခဲ့ကြောင်း၊ ဒီအခြေအနေတွေက အသင်းအတွက် မမျှတကြောင်း၊ ဒါပေမဲ့ ပေါ်တူဂီဟာ အသင်းတစ်သင်း အနေနဲ့ အတူတကွ ပိုမို ရင့်ကျက်လာခဲ့ပြီး စိတ်ခံစားချက်တွေကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ အခုပွဲမှာ တစ်သင်းလုံး အကောင်းဆုံး ပေးဆပ်ခဲ့သလို ရော်နယ်လ်ဒိုကလည်း ပြီးပြည့်စုံတဲ့ အသင်းခေါင်းဆောင် တစ်ယောက်ဆိုတာ ပြသခဲ့ကြောင်း သူက ပြောပါတယ်။

ရော်နယ်လ်ဒိုက ပွဲနဲ့ ပတ်သက်ပြီး အရမ်း အာရုံစိုက်ခဲ့သလို သူ့ရဲ့ အတွေ့အကြုံတွေကို အကောင်းဆုံး အသုံးချပေးနိုင်ခဲ့ကြောင်း၊ အခုလို ဖိအားများတဲ့ အခြေအနေမျိုး ကြုံရတာဟာ ရော်နယ်လ်ဒိုအတွက် ပထမဆုံး အကြိမ်လည်း မဟုတ်ကြောင်း၊ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ အသင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဖလားကို ၆ ကြိမ် ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ တစ်သင်းလုံးမှာ စံထားရမယ့် ပုဂ္ဂိုလ်လည်းဖြစ်ကြောင်း မာတီနက်ဇ်က ညွှန်းဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရော်နယ်လ်ဒိုနဲ့ အတူတွဲကစားဖူးတဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဝိန်းရွန်နေးကလည်း သူ့ရဲ့ အသင်းဖော်ဟောင်းကို ချီးကျူးခဲ့ပါတယ်။ အသက် ၄၁ နှစ် အရွယ်မှာ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးမှာ ပါဝင်ကစားပြီး တစ်ပွဲတည်း နှစ်ဂိုးသွင်းခဲ့တယ် ဆိုတာက မယုံနိုင်လောက်အောင် ထူးကဲကြောင်း၊ ဒီပွဲမှာ ရော်နယ်လ်ဒိုရဲ့ ခြေစွမ်းက အကောင်းဆုံးလို့ ပြောလို့ မရသေးပေမယ့် လုပ်စရာ ရှိတာကို ပီပီပြင်ပြင် လုပ်ပြခဲ့ကြောင်း၊ သူ့အပေါ် ဝေဖန်သံတွေကို ရော်နယ်လ်ဒိုက အလုပ်နဲ့ သက်သေပြခဲ့ကြောင်း၊ သူ့ကစားသမား ဘဝတလျှောက်လုံးလည်း ဒါမျိုး အကြိမ်ကြိမ် ပြသခဲ့ပြီးဖြစ်ကြောင်း ရွန်နေးက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မက်ဆီ ၅ ဂိုး ၊မက်ဘီ ၄ ဂိုး၊ဟာလန် ၄ ဂိုးစီနဲ့ ​ရွှေဖိနပ်ဆုအတွက်အပြိုင်ဖြစ်​​နေ

နိုင်ငံတကာ

အာဂျင်တီးနား နဲ့ သြစတြီးယားတို့ယှဥ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ပွဲစဥ်မှာမက်ဆီက အနိုင်ဂိုး ၂ ဂိုး စလုံးကိုသွင်းယူလိုက်တာ​ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်းတ​လျှောက်သွင်းဂိုးစုစု​ပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်ဖြစ်လာပါတယ်။

နိုင်ငံတကာ

စုစုပေါင်း ၉၂ နှစ်လောက် စောင့်ဆိုင်းပြီးချိန်မှာတော့ အီဂျစ် လက်ရွေးစင် ဘောလုံးအသင်းဟာ ပထမဆုံး ကမ္ဘာ့ဖလား နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့ဖူးပြီ ဖြစ်ပါတယ်။