Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့တဲ့ အသင်းငယ်လေး ကိပ်ဗာဒီ

ကမ္ဘာ့ဖလားကို ပွဲဦးထွက် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ အာဖရိက အသင်းငယ်လေး ကိပ်ဗာဒီရဲ့ အိပ်မက်တွေက ဆက်ပြီး ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဆော်ဒီအာရေးဘီးယားနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ အာဖရိကတိုက် အနောက်ဖက် ကမ်းလွန်က ကျွန်းနိုင်ငံ သေးသေးလေးဟာ အုပ်စု(H)ရဲ့ ဒုတိယ နေရာမှာ ရပ်တည်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - FIFA

ကမ္ဘာ့ဖလားကို ပွဲဦးထွက် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ အာဖရိက အသင်းငယ်လေး ကိပ်ဗာဒီရဲ့ အိပ်မက်တွေက ဆက်ပြီး ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဆော်ဒီအာရေးဘီးယားနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ အာဖရိကတိုက် အနောက်ဖက် ကမ်းလွန်က ကျွန်းနိုင်ငံ သေးသေးလေးဟာ အုပ်စု(H)ရဲ့ ဒုတိယ နေရာမှာ ရပ်တည်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးပေါင်းမှာ လူဦးရေ ၅ သိန်းလောက်ပဲ နေထိုင်တဲ့ ကိပ်ဗာဒီဟာ ၂၀၂၆ ပြိုင်ပွဲကြီး မတိုင်ခင်က ကမ္ဘာ့ဖလားမှာ တစ်ခါမှ ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး။ ငါးမန်းပြာတွေလို့ ချစ်စနိုး နာမည်ပြောင် ပေးခံရတဲ့ အသင်းဟာ အုပ်စု (H)ရဲ့ ပထမဆုံး ပွဲစဉ်မှာ ကမ္ဘာ့ချန်ပီယံဟောင်း နာမည်ကြီး စပိန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် သူတို့ရဲ့ ကမ္ဘာ့ဖလား ဖွင့်ပွဲ အတွေ့အကြုံက အရမ်းခါးသီးလိမ့်မယ်လို့ ယူဆခဲ့ကြပေမယ့် ဂိုးမရှိ သရေကျအောင် စွမ်းဆောင်နိုင်ပါတယ်။ အဲဒီပွဲမှာ စပိန်ရဲ့ တိုက်စစ်ဆင်မှုတွေကို ကြံ့ကြံ့ခံ တားဆီးခဲ့တဲ့ အသက် ၄၀ အရွယ် ဂိုးသမားကြီး ဗော့ဇင်ဟာက သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

ဒုတိယ ပွဲစဉ်မှာတော့ တောင်အမေရိကထိပ်သီး ဥရုဂွေးနဲ့ ဆုံခဲ့ပြီး နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အဲဒီပွဲမှာတော့ ကီဗင်ပီနာဟာ ကမ္ဘာ့ဖလားမှာ ပထမဆုံး ဂိုးသွင်းဖူးတဲ့ ကိပ်ဗာဒီ လက်ရွေးစင် ကစားသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာတော့ ကိပ်ဗာဒီဟာ ဆော်ဒီနဲ့ ဂိုးမရှိသရေ ကျခဲ့တာကြောင့် အုပ်စုသုံးပွဲကစားပြီး တစ်ပွဲမှမနိုင်၊ တစ်ပွဲမှ မရှုံးဘဲ ၃ မှတ် ရခဲ့ပါတယ်။ တခြား အုပ်စုနောက်ဆုံး ပွဲစဉ်မှာ စပိန်က ဥရုဂွေးကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရသွားတာကြောင့် ၇ မှတ်နဲ့ အုပ်စုဗိုလ် ဖြစ်လာပြီး ကိပ်ဗာဒီက အုပ်စု ဒုတိယ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ သရေ ၂ ပွဲကနေ ၂ မှတ်သာ ရခဲ့တဲ့ ဥရုဂွေးကတော့ စောစောစီးစီးပဲ အောင်ဖျာလိပ်ပြီး အိမ်ပြန်ဖို့ သေချာသွားပါတယ်။

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အရင်က ခြေစစ်ပွဲ လုံးဝ မအောင်ဖူးတဲ့ အသင်းသစ် ၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကာရေဘီယန် ဒေသက ကူရာဆောင်း အသင်းကတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ဖို့ သေချာသွားပြီး အာရှတိုက်ရဲ့ လူသစ်တန်း နိုင်ငံတွေဖြစ်တဲ့ ဂျော်ဒန်နဲ့ ဥဇဘက်ကစ္စတန်တို့ကလည်း သက်ဆိုင်ရာ အုပ်စုတွေမှာ အောက်ဆုံးကနေ ရပ်တည်နေပါတယ်။ ပြီးတော့ နှစ်သင်းစလုံးက တစ်မှတ်မှ မရကြသေးပါဘူး။

Public Service Announcement

Public Service Announcement

သီအိုရီအရ အဲဒီအသင်းတွေဟာ နောက်ဆုံးပွဲမှာ အနိုင်ရမယ်ဆိုရင် အကောင်းဆုံး အုပ်စုတတိယ အသင်းတွေ စာရင်းထဲကနေ ရှုံးထွက်အဆင့် တက်ဖို့ မျှော်လင့်ချက် ငွေ့ငွေ့တော့ ဆက်ရှိနေပါတယ်။ ဂျော်ဒန်က အုပ်စု အပိတ်ပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားနဲ့ ကစားရမှာဖြစ်ပြီး ဥဇဘက်ကတော့ ရမှတ် ၁ မှတ် ရထားတဲ့ ကွန်ဂိုနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီ အသင်းတွေထဲကနေ နောက်တစ်ဆင့် တက်ရောက်နိုင်တာမျိုး ဖြစ်မလာဘူး ဆိုရင်တော့ ကိပ်ဗာဒီဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ပြီး ရှုံးထွက်အဆင့်ကို ရောက်ခဲ့တဲ့ တစ်ခုတည်းသော အသင်းအနေနဲ့ မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။