Connect with us

Hi, what are you looking for?

သတင်း

ဆဲန်ထန်ဗဟိုကောင်စီ ကာကွယ်ရေးအတွင်းရေးမှူး ကျဆုံးမှု ဝမ်းနည်းကြောင်း ZZLMS ထုတ်ပြန်

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဆဲန်ထန်ဗဟိုကောင်စီရဲ့ ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်းထောင်ဇာကျဲအို ကျဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ၅ဖွဲ့ စုပေါင်းထားတဲ့ ညီနောင်တပ်ပေါင်းစု ZZLMSက ဇူလိုင် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

(ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့ စုဖွဲ့ထားတဲ့ ZZLMS ညီနောင်အဖွဲ့မှ ရဲဘော်တွေ စု​ပေါင်းစစ်​ရေး​လေ့ကျင့်မှုမှာ မိန့်ခွန်းပြောနေတဲ့ ဆလိုင်းထောင်ဇာကျဲအို။ ဓာတ်ပုံ-ZZLMS)

ဇူလိုင်-၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဆဲန်ထန်ဗဟိုကောင်စီရဲ့ ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်းထောင်ဇာကျဲအို ကျဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ၅ဖွဲ့ စုပေါင်းထားတဲ့ ညီနောင်တပ်ပေါင်းစု ZZLMSက ဇူလိုင် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

ZZLMS ဆိုတာ CDF ဇိုတုန်၊ CDF ဇိုဖေ၊ CDF Lautu၊ CDF မရာ နဲ့ Senthang Revolution Force စတဲ့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့ စုဖွဲ့ထားတာ ဖြစ်ပြီး အခု ကျဆုံးသွားတဲ့ ဆလိုင်းထောင်ဇာကျဲအိုဟာ ZZLMS ရဲ့ စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူထားသူဖြစ်ပါတယ်။

ZZLMS စစ်ဦးစီးချုပ်ဟာ ဆဲထန်တပ် ထိန်းချုပ်နယ်မြေမှာ ဇွန် ၂၆ရက်က ကျဆုံးခဲ့တာဖြစ်ပါတယ်။ ဆဲထန်ဗဟိုကောင်စီနဲ့ ZZLMS ရဲ့ ထုတ်ပြန်ချက်မှာ တပ်မှူး ဆလိုင်းထောင်ဇာကျဲအို ကျဆုံးရတဲ့ အကြောင်းအရင်းကို အသေးစိတ်ဖော်ပြမထားပေမဲ့ ဒေသတွင်း သတင်းတွေအရ ဆလိုင်းထောင်ဇာကျဲအိုနဲ့ ဆဲထန်ဗဟိုကောင်စီ လူမှုဖွံ့ဖြိုးရေး အတွင်းရေးမှူး ဆလိုင်းဘွေကျုံးလျန်တို့ဟာ ယာဉ်မတော်တဆမှု ဖြစ်ပြီး ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ZZLMS စစ်ဦးစီးချုပ်သည် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတစ်လျှောက် ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်ဖြင့် တော်လှန်ရေးနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အပြင်ရဲဘော်ရဲ ဘက်စိတ်အပြည့်ရှိသူဖြစ်ပြီးစစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးပါသောပုဂ္ဂိုလ်ဖြစ်ပါသည်”လို့ ZZLMS ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဆလိုင်းထောင်ဇာကျဲအို ကျဆုံးတာဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ကြောင်း သက်ဆိုင်ရာ မိခင်အဖွဲ့အစည်း၊ ကျန်ရစ်သူမိသားစုဝင်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ZZLMSက ထုတ်ပြန်ပါတယ်။

ဆလိုင်းထောင်ဇာကျဲအို ကျဆုံးမှုနဲ့ပတ်သက်ပြီး ဆဲထန်ဗဟိုကောင်စီကလည်း အထူးဝမ်းနည်းကြောင်းဖော်ပြကာ ထိန်းချုပ်နယ်မြေအတွင်းက ဌာနတွေက ချင်းပြည်အလံတွေ တိုင်ဝက်လွှင့်ထူခြင်းနဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖော်ပြဖို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

Facebook