Connect with us

Hi, what are you looking for?

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ တရုတ်က ဆုတောင်းပေးမှုအပေါ် ကိုထိန်လင်း ကျေးဇူးတင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနက ဆုတောင်းပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောပြဖို့ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံအမတ်ကြီးဆီ စာရေးသား ပေးပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဒီနေ့ ဇူလိုင် ၃ရက်မှာ အသိပေးပါတယ်။

(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့စဥ်-ပုံဟောင်း)

ဇူလိုင်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနက ဆုတောင်းပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောပြဖို့ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံအမတ်ကြီးဆီ စာရေးသား ပေးပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဒီနေ့ ဇူလိုင် ၃ရက်မှာ အသိပေးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အရာအားလုံး ကောင်းမွန်ပါစေကြောင်း မွေးနေ့ဆုတောင်းပေးပို့ခဲ့ကြောင်း NLDက ထုတ်ပြန်ထားပါတယ်။

“အခုလို နွေးထွေးတဲ့ဆုတောင်းပေးမှုမျိုးဟာ ခက်ခဲပင်ပန်းရတဲ့ ဒီကာလမှာ ကျွန်တော့်မိသားစုနဲ့ မေမေ့ကို အလေးထားကြသူတွေအားလုံးအတွက် အထူးတန်ဖိုးထားကျေးဇူးတင်စရာပဲဖြစ်ပါတယ်”လို့ ကိုထိန်လင်းက တရုတ်သံအမတ်ဆီ ကျေးဇူးတင်စာပေးပို့ခဲ့မှု အသိပေးရာမှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မနက်အစောပိုင်းကတည်းက ဒီနေ့အထိ မတရားဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။ ၂၀၂၆ ဧပြီ ၁၇ရက်မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်ကနေ သတ်မှတ်နေအိမ်တစ်ခုဆီ ပြောင်းရွှေ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် သားဖြစ်သူ ကိုထိန်လင်းနဲ့ ပြည်တွင်း၊ ပြည်ပက ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့၊ မိသားစု၊ ရှေ့နေ၊ ယုံကြည်ရသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားကြပါတယ်။

၈၁နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပြည်သူတွေ၊ ပြည်ပရောက်မြန်မာတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေ အပါအဝင်တော်လှန်ရေးရဲဘော်တွေက မွေးနေ့ဆုတောင်းပေးခဲ့သလို နိုင်ငံတကာ သံရုံးအဖွဲ့အစည်းတွေကလည်း ဆုတောင်းပေးခဲ့ကြပါတယ်။

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဗြိတိန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ချက်သမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နော်ဝေ၊ အရှေ့တီမောနဲ့ ဖိလစ်ပိုင်တို့အပြင် ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(Human Rights Watch)၊ နိုင်ငံတကာအကြီးအကဲဟောင်းများအဖွဲ့(The Elders)၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်မှ လွှတ်တော်အမတ်တွေ၊ သံရုံးတွေ၊ အဖွဲ့အစည်းတွေကလည်း မွေးနေ့ဆုတောင်းသဝဏ်လွှာများ ထုတ်ပြန်တာနဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ လူသားချင်းစာနာထောက်ထားရေးစတဲ့ အချက်တို့ကိုပါ ထည့်သွင်း ထုတ်ပြန်လာတဲ့အပေါ် ကျေးဇူးတင် ဂုဏ်ပြုကြောင်း NLDက ထုတ်ပြန်ထားပါတယ်။

NLD ရဲ့ ထုတ်ပြန်ချက်မှာ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဌာနနဲ့ နှုတ်အားဖြင့် ဆုတောင်းမေတ္တာပေးပို့ကြပါသော နိုင်ငံတကာသံတမန်များကိုလည်း အထူးကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ အဖိုးတန် စူပါကား တစ်စီးပေါ် ကလေးတွေ တက်ဆော့လို့ ထိခိုက်ပျက်စီးခဲ့ပြီး မိဘတွေကလည်း မတောင်းပန်တဲ့နောက် ကားပိုင်ရှင်က တရားစွဲဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ဟာ လျှို့ဝှက်အဆင့်အဖြစ် စမ်းသပ်နေတဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်ရဲ့ ပုံရိပ်ကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြလိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ရက် ၇၀ ပြည့်သည်အထိ စစ်တပ်ဘက်က တုံ့ပြန်မှုမရှိတာကြောင့် ကမ်ပိန်းအရှိန် မြှင့်မယ်လို့ All In One Piece Movement က အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။