Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကန်တော်ကြီးမှာသတ်ဖြတ်ခံရတဲ့အမျိုးသားအလောင်းတွေ့

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

ဇူလိုင် – ၄ ၊၂၀၂၆ /People’s Spring

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

မနေ့ညနေပိုင်းမှာချမ်းမြသာစည်မြို့နယ်၊သံလျှက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီးတောင်ဘက်ခြမ်းရေကန်မှာအဲဒီအမျိုးသားရုပ်အလောင်းကိုတွေ့ခဲ့ရတာပါ။

သေဆုံးနေတဲ့အမျိုးသားကအသက် ၄၀ အရွယ်ခန့်ရှိပြီးအလောင်းကို ပီနံအိတ်နဲ့ ထည့်ကာကန်တော်ကြီးမှာလာရောက်စွန့်ပစ်သွားခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“တစ်နေရာမှာရိုက်နှက်နှိပ်စက်ပြီး သေသွားတော့မှ ရေထဲလာပစ်ထားတဲ့ပုံစံမျိုးပေါ့၊ တွေ့တဲ့အချိန် မျက်နှာကပျက်နေတော့ ဘယ်သူ ဘယ်ဝါဆိုတာ ပိုင်ရှင်မတွေ့သေးဘူး “ လို့ လူမူကူညီရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့မျက်နှာမှာပေါက်ပြဲဒဏ်ရာတွေနဲ့ဖူးရောင်နေပြီးရင်ဘက်နဲ့ ကျောမှာလည်း ညိုမဲဒဏ်ရာဒဏ်ချက်တွေကို တွေ့ရတယ်လို့သိရပါတယ်။ သေဆုံးသူနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့မသိရပါဘူး။

၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မှာရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီး မန္တလေးမြို့မှာ လူသတ်မှု ၊ ဓားပြမှု ၊ လုယက်မှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Facebook