Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမှာ မူးယစ်ဆေးရောင်းသူ ၃ ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ဟု ပလဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်-၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးတွေရောင်းဝယ် ဖောက်ကားနေသူ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ဖမ်းဆီးပြီး ပြည်သူ့လုံခြုံရေးအဖွဲ့က ထိန်းသိမ်းစစ်ဆေးကာ ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်နေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဇူလိုင် ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းချ ဖြန့်ဖြူးနေသူတစ်ဦးကိုလည်း မြို့နယ် ပအဖရဲ့ ညွှန်ကြားချက်နဲ့အတူ မုံရွာခရိုင် ပလဖ ၊ ဒီပဲယင်းမြို့နယ် ပလဖကပူးပေါင်း ဖမ်းဆီးပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခဲ့ရာ ဒီပဲယင်းမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း ဒီပဲယင်း ပလဖက ဇူလိုင် ၄ ရက်မှာ သတင်းထပ်မံ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ထောင်ဒဏ်ချမှတ်ခံရသူကို မည်သည့်အချိန်က ဖမ်း​ဆီးခဲ့တယ်ဆိုတာ ပလဖရဲ့ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။

ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး ပလဖအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

လက်​လီသမားတွေတင်မကဘဲ အဓိကတင်ပို့ရောင်းချနေတဲ့ အကြီးပိုင်းတွေကိုလည်း ဖမ်း​ဆီးအရေးယူဖို့ ပြည်သူတွေက တိုက်တွန်းနေပါတယ်။

“ဒီကာလမှာ ဒီပဲယင်းမှ မဟုတ်ဘူး။ တခြားနေရာတိုင်းမှာလည်း သူ့အဆက်အသွယ်နဲ့သူ ပေါများနေတယ်လို့ ကြားတယ်”လို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးတွေ တင်သွင်းရောင်းချ ဖြန့်ဖြူးနေတာတွေကို လုံးဝလက်ခံမှာမဟုတ်ဘဲ မူးယစ်ဆေးဝါးဖြန်ဖြူးနေသူတွေကို ဖော်ထုတ် ဖမ်းဆီးတာတွေ ဆက်လုပ်သွားမှာမို့ ပြည်သူတွေ သတင်းပေးကြဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီပဲယင်းပလဖဟာ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကလည်း မူးယစ်ဆေးဝါးရောင်းချနေသူ ၁ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook