Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောပွဲတွေ စစ်ကိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၅) မှာပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - DYC၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု

ဇူလိုင်-၅၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၅) မှာပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာ သပိတ်အင်အားစုတွေ စုပေါင်းပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်တွေ၊ ပဋိပက္ခနဲ့ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပြီး အသိပညာပေး ဟောပြောခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဌာန ရွှေဘိုမြို့နယ်တာဝန်ခံနဲ့ အတူ ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်အမျိုးသမီးမဟာမိတ်အင်အားစု(WAB) ရဲဘော်တွေ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ်မှာလည်း လူငယ်အဖွဲ့ Depeyin Youth Community (DYC) မှ ရဲဘော်တွေက လေကြောင်းရန်အန္တရာယ် အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ပါတယ်။

စစ်အုပ်စုဟာ ပြည်သူလူထု သေကြေပျက်စီးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုပိုလုပ်ဆောင်လာတဲ့အတွက် လေကြောင်းအန္တရာယ်မှကင်းဝေးစေဖို့ ကြိုတင်ကာကွယ်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပညာပေးဟောပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook