ဇူလိုင် – ၁၀ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒီနေ့မနက် ၅ နာရီအချိန်ခန့်မှာကော့ကရိတ်မြို့တောင်ဘက်အာရှလမ်းနဲ့ ကော့ကရိတ်-ကျိုက်ဒုံလမ်းဆုံ၊ မောင်းမရွာသစ်ဘက်မှာ စစ်တပ်နဲ့ KNU တပ်မဟာ ၆တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
မနက် ၅ နာရီခွဲမှာလက်နက်ကြီးလက်နက်ငယ်အသံတွေ ကြားနေရတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
တိုက်ပွဲဟာမနက် ၆ နာရီခွဲခန့်မှာပြန်ငြိမ်သွားခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။
ကော့ကရိတ်တောင်ဘက်မှာရှိတဲ့ စစ်တပ်ကာကင်းစခန်းတွေကို KNU တပ်မဟာ ၆ က တိုက်ခိုက်တာဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်းစစ်တပ်ရဲ့ထိုးစစ်ဆင်လာမှုကြောင့်မြ၀တီမြို့တောင်ပိုင်း၊ ဖလူးနဲ့ မင်းလက်ပံနယ်မြေအတွင်းမှာ လက်ရှိ ဇူလိုင်ဒုတိယအပတ်ကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
တိုက်ပွဲမှာ စစ်တပ်က အထိအခိုက်များနေတာကြောင့် မနေ့ ဇူလိုင် ၉ ရက်ညပိုင်းမှာ လေယာဉ်နဲ့ ဖလူးတောင်ကြောဘက်ကို ဆက်တိုက်ဗုံးလာကြဲနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
KNU ရဲ့အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရဒူးပလာယာခရိုင်ကိုဒေါနတောင်တန်းအရှေ့ခြမ်းဖြစ်တဲ့နို့ဖိုးအုပ်စု၊ မြဝတီမြို့မအုပ်စု၊ဖလူးအုပ်စု၊ သေ့ဘောဘိုးအုပ်စု၊ ဆုံဆည်းမြိုင်အုပ်စု၊မောခီးအုပ်စုနဲ့ စုကလိအုပ်စု နေရာတွေ နဲ့ စုစည်းဖွဲ့စည်းထားပါတယ်။


















































