Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘယ်ဂျီယမ်ကို အနိုင်ယူပြီး စပိန် အကြိုဗိုလ်လုပွဲတက်

ဘယ်ဂျီယမ် အသင်းကို အနိုင်ယူပြီး စပိန်အသင်းက အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲမှာတော့ စပိန်ဟာ ပြင်သစ်နဲ့ ရင်ဆိုင်ကစားရမှာပါ။

ဓာတ်ပုံ - Reuters

ဘယ်ဂျီယမ် အသင်းကို အနိုင်ယူပြီး စပိန်အသင်းက အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲမှာတော့ စပိန်ဟာ ပြင်သစ်နဲ့ ရင်ဆိုင်ကစားရမှာပါ။

လော့စ်အန်ဂျလိစ်မှာ ဇူလိုင် ၁၀ ရက်နေ့က ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ စပိန်က ဘယ်ဂျီယမ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကစားသမားကောင်းတွေ ပိုမိုပိုင်ဆိုင်ထားတဲ့ စပိန်က ဘယ်ဂျီယမ်အပေါ် ပိုပြီး ထိုးဖောက် တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့သလို ဘယ်ဂျီယမ်ကလည်း စုစည်းမှု ကောင်းကောင်းနဲ့ တန်ပြန်တိုက်စစ်တွေကနေ စပိန်ကို ထိုးနှက်ဖို့ ကြိုးစားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ ပင်နယ်တီ ဧရိယာထဲကနေ စပိန် ကွင်းလယ်လူ ဒန်နီ အော်လ်မို ကန်သွင်းတာကို ဘယ်ဂျီယမ် ဂိုးသမား သီဘောက် ကော်တွိုက်စ် ပုတ်ထုတ်ခဲ့ပေမယ့် ဖေဘီယန်ရုဇ်က ထပ်ဆင့်ပိတ်သွင်းပြီး စပိန်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။

ဒါပေမဲ့ ပထမပိုင်း မပြီးခင်မှာပဲ ဘယ်ဂျီယမ်က ချေပဂိုး ပြန်ရခဲ့ပါတယ်။ ညာနောက်ခံလူ တင်မိုသီ ကက်စ်တက်နေး ကန်တင်ပေးတဲ့ ထောင့်ဖြတ်ဘောကို ပွဲချိန် ၄၁ မိနစ်မှာ ဘယ်ဂျီယမ် တိုက်စစ်မှူး ချားလ်စ်ဒီ ကက်တလာရီက ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စပိန်အတွက် အနိုင်ဂိုးကတော့ ပွဲချိန် ၈၈ မိနစ်မှာ ရရှိသွားပါတယ်။ နောက်ခံလူ ပေါလ်ကူဘာဆီ အဝေးက လှမ်းကန်တဲ့ ဘောလုံးကို ဒဏ်ရာရသွားတဲ့ ကော်တွိုက်စ်အစား လူစားဝင်လာတဲ့ ဘယ်ဂျီယမ် ဂိုးသမား ဆန်နီလမ်မန်စ် ကာကွယ်ဖို့ ကြိုးစားရာက လက်ထဲကနေ လျှံထွက်သွားတာကို စပိန်ကစားသမား မစ်ကယ် မာရီနိုက ပြေးဝင်ပိတ်သွင်းပြီး သွင်းယူခဲ့တာပါ။

ဒီပွဲအနိုင်ရလဒ်ကြောင့် စပိန်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက် ပြင်သစ် အသင်းကို အကြိုဗိုလ်လုပွဲမှာ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ပြင်သစ်ဟာ ဇူလိုင် ၉ ရက်နေ့တုန်းက အာဖရိက ထိပ်သီး မော်ရိုကို အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ သက်တောင့်သက်သာ အနိုင်ယူပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်လာနိုင်ခဲ့ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။