Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်းနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံး

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - SARANGANI PIO

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဘာဗီ ဖြတ်သန်းဟာ ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်း တိုက်ခတ်ချိန်မှာ ဖိလစ်ပိုင် နိုင်ငံမှာလည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကို တွေ့ကြုံခဲ့ရပါတယ်။

ဇူလိုင် ၁၀ ရက်မှာတော့ ဖိလစ်ပိုင်ရဲ့ မင်ဒါနာအိုကျွန်းမှာရှိတဲ့ ဆာရာဂါနီ ပြည်နယ်ထဲက မာလာပါတန်မြို့မှာ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA)က ဖော်ပြခဲ့ပါတယ်။ အဲဒီ မြေပြိုမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အလားတူ လာနာအို ဒယ်လ်ဆာပြည်နယ်ထဲက နောက်ထပ် မြေပြိုမှု တစ်ခုမှာတော့ ၆ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီမြေပြိုမှုမှာ နောက်ထပ် ၅ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဘာဗီတိုင်ဖွန်းကို ဖိလစ်ပိုင်မှာတော့ အင်ဒေဆိုတဲ့ နာမည်နဲ့ ခေါ်ဝေါ်ကြပါတယ်။ မုန်တိုင်းဟာ စူပါတိုင်ဖွန်း အဆင့်ထိ ရောက်ရှိခဲ့ပေမယ့်လည်း ဖိလစ်ပိုင် ပင်လယ်ကို ဖြတ်သန်းရင်း အနောက်ဖက်ကို ဦးတည်ရွေ့လျားနေချိန် ဇူလိုင် ၁၀ ရက်နေ့လောက်မှာ သိသိသာသာ ပြန်လည် အားလျော့လာကြောင်း သိရပါတယ်။

မုန်တိုင်းဟာ ဖိလစ်ပိုင် ကုန်းတွင်းပိုင်းကို ဖြတ်သန်းတိုက်ခတ်တာမျိုး မရှိပေမယ့် မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး နေရာအနှံ့ ရေကြီးမှု၊ မြေပြိုမှုတွေ ကြုံတွေ့နိုင်ကြောင်း ဖိလစ်ပိုင် မိုးလေဝသ အေဂျင်စီက သတိပေး ကြေညာထားပါတယ်။

ဘာဗီဟာ ပစိဖိတ် သမုဒ္ဒရာထဲက အမေရိကန်ပိုင် ဂူအမ်ကျွန်းနဲ့ မြောက်ပိုင်း မာရီယာနာ ကျွန်းစုတွေကို ဖြတ်သန်းပြီးတဲ့နောက် ထိုင်ဝမ် မြောက်ပိုင်း ကမ်းလွန်ကနေ ဖြတ်သန်းပြီး တရုတ်နိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းဆီ ဦးတည်နေပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ထိုင်ဝမ်ကျွန်း မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ဂျပန်နိုင်ငံမှာလည်း ဇူလိုင် ၁၁ ရက်နေ့မှာ မိုးရွာသွန်းမှု များပြားမယ်လို့ ယုံကြည်ရပါတယ်။ ဇူလိုင် ၁၁ ရက် ညပိုင်း၊ ဒါမှမဟုတ် ဇူလိုင် ၁၂ ရက် မနက်အစောပိုင်းလောက်မှာတော့ မုန်တိုင်းဟာ တရုတ်နိုင်ငံဆီ ကုန်းတွင်းဝင်ရောက်ဖွယ် ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာတော့ တိုင်ဖွန်းမုန်တိုင်း မေဆက်ခ်ရဲ့ ဒဏ်ကြောင့် အကြီးအကျယ် ထိခိုက်မှုတွေ ကြုံတွေ့ထားရဆဲဖြစ်ပြီး နန်နင်းမြို့မှာ ဆည်ကျိုးပေါက်မှု တစ်ခုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကိုးကား: NHK

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ဘာဗီဟာ တိုင်ဖွန်းအဆင့်ကို အားပျော့သွားပြီး မြောက်ဖက်ကို နည်းနည်းပိုပြီး လမ်းကြောင်း ပြောင်းသွားတဲ့နောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းခြေဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ မြစ်ကြီးနား - ကန်ပိုင်တည်မြို့ကြားက ကန်ပိုင်တည်နဲ့ ဆဒုံးမြို့ကြားမှာ မိုးကြီးပြီး မြေပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပါတယ်။

သတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ဆိုးရွားတဲ့ မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားပြီး ၄ ဦးသေ၊ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။