Connect with us

Hi, what are you looking for?

News

MNDAAနှင့်တိုက်ပွဲ စစ်​ကောင်စီတပ်၁၀၀ခန့်​သေဆုံးဒဏ်ရာရ၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိဟု ကိုးကန့်အဖွဲ့ထုတ်ပြန်

“စစ်မြေပြင်တွင် သယ်ယူရန် နောက်ကျလွန်းသည့် အလောင်းအများအပြားအပြင် အခြားစစ်သား ၈၃ ဦးကို မုံးကိုမြို့သို့ ပို့ဆောင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးတွင် နောက်ထပ် ၃ ဦး သေဆုံးခဲ့သည်” ဟု MNDAA ကထုတ်ပြန်သည်။

အထူးဒေသ(၁)မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသရှိ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်)၏ မန်ရန်တပ်စခန်းကို အာဏာသိမ်းစစ်​ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက်တွင် ​လေ​ကြောင်း၊ကုန်​ကြောင်းမှအပြင်အထန် တိုက်ခိုက်ခဲ့​သော်လည်း MNDAAတပ်ဖွဲ့ဝင်များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ခန့်​သေဆုံး၊ထိခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းနိုင်ခဲ့​ကြောင်း ယ​နေ့ညတွင်ထုတ်ပြန်လိုက်သည်။

မန်ရန်တပ်စခန်းကိုစစ်​ကောင်စီတပ်က လက်နက်ကြီး အမြောက် ၁၅၀၀ ကျော်ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်လေယာဉ်များဖြင့်ဗုံးကြဲခြင်း၊စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံတပ်ရင်း၁၅၊၅၉၊၁၅၊ ၇၉၊ ၁၁၃နှင့် တပ်မ ၇၇ လက်အောက်ခံ၃၁၃ တပ်ရင်းများမှ စစ်သားအင်အား ၅၀၀ ကျော်စုဝေးပြီး ဒီဇင်ဘာ ၁၉ရက်တစ်​နေ့လုံး မန်ရန်တပ်စခန်းကိုသိမ်းပိုက်နိုင်ရန် ၁၀ ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့သည်ဟု MNDAA၏ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သို့​သော် MNDAA(ကိုးကန့်) တပ်ဖွဲ့ဝင်များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်ကောင်စီဘက်ထိခိုက်ဒဏ်ရာ​သေဆုံးသူ(၁၀၀)နီးပါးရှိခဲ့သည်ဟုလည်း ပါရှိသည်။

“စစ်မြေပြင်တွင် သယ်ယူရန် နောက်ကျလွန်းသည့် အလောင်းအများအပြားအပြင် အခြားစစ်သား ၈၃ ဦးကို မုံးကိုမြို့သို့ ပို့ဆောင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးတွင် နောက်ထပ် ၃ ဦး သေဆုံးခဲ့သည်” ဟု MNDAA ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်