Connect with us

Hi, what are you looking for?

သတင်း

ချက်နိုင်ငံက ရုပ်ရှင်ပွဲတော်မှာမြန်မာဒါရိုက်တာ ရိုက်ကူးတဲ့ဇာတ်ကား ဆုချီးမြှင့်ခံရ

ချက်နိုင်ငံမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော် တစ်ခုမှာ မြန်မာဒါရိုက်တာ တစ်ဦးရဲ့ လက်ရာက ဆုတစ်ခု ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။

(သစ်သီးခူး ဇာတ်ကားမှ ဇာတ်ဝင်ခန်းတခန်း။ ဓါတ်ပုံ-The Hollywood Reporter )

ဇူလိုင်-၁၂၊၂၀၂၆။People’s Spring

ချက်နိုင်ငံမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော် တစ်ခုမှာ မြန်မာဒါရိုက်တာ တစ်ဦးရဲ့ လက်ရာက ဆုတစ်ခု ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။

Karlovy Vary ရုပ်ရှင်ပွဲတော်မှာ Fruit Gathering (သစ်သီးခူး)ဆိုတဲ့ ရုပ်ရှင်က Crystal Globeဆုကို ဇူလိုင် ၁၁ ရက်နေ့မှာ ရရှိခဲ့တာဖြစ်ပါတယ်။အဲဒီ ရုပ်ရှင်ကို မြန်မာဒါရိုက်တာ အောင်ဖြိုးက ရိုက်ကူးထားတာပါ။

အဲဒီ ဇာတ်ကားဟာ ရန်ကုန်မြို့က အထည်ချုပ် စက်ရုံတစ်ခုမှာ မိန်းကလေးငယ် နှစ်ဦးကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ထားပြီး မြန်မာ၊ ချက်နဲ့ ပြင်သစ် ပရိုဂျူဆာတွေ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“နူးညံ့တဲ့ခံစားချက်တွေနဲ့ခက်ထန်ကြမ်းတမ်းတဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ ဒီရုပ်ရှင်က အမျိုးသမီးအချင်းချင်း ချစ်ကြိုက်တာ၊ ရင်းနှီးချစ်ခင်တာကို လူမှုအသိုင်းအဝိုင်းက လက်မခံသေးတဲ့ နိုင်ငံတစ်ခုမှာတောင် အမျိုးသမီးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဆန္ဒတွေ ဘယ်လို ဆက်ပြီး ရှင်သန်နေသလဲဆိုတာကို ဖော်ညွှန်းပြထားပါတယ်”လို့ ရုပ်ရှင်အညွှန်းမှာ ရေးသားထားပါတယ်။

အဲဒီ ရုပ်ရှင်ပြပွဲမှာတော့ အသက် ၈၈ နှစ် ရှိပြီဖြစ်ပြီးအော်စကာဆုနှစ်ကြိမ်ရဖူးတဲ့ မင်းသားကြီး ဒက်စတင် ဟော့ဖ်မန်းကလည်း ကမ္ဘာ့ရုပ်ရှင်လောကအတွက် ကောင်းကျိုးပြုမှုအတွက် Crystal Globe ဆုတစ်ခု ချီးမြှင့်ခံခဲ့ရပါတယ်။

အခုရုပ်ရှင်ပွဲတော်ကို ရေပူစမ်းမြို့ တစ်ခုဖြစ်တဲ့ ခါလိုဗီဗာရီမှာ ဇူလိုင် ၃ ရက်ကနေ ၁၁ ရက်နေ့ထိ ကျင်းပခဲ့ပြီး ရုပ်ရှင်ပေါင်း ၁၇၉ ကား ပြသခဲ့သလို လက်မှတ် ၁၃၀၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း စီစဉ်သူတွေက ပြောကြားသွားပါတယ်။

ကိုးကား-AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဓာတုစက်ရုံ တစ်ခုရဲ့ ပရဝုဏ်ထဲမှာ ကြွင်းကျန်နေတဲ့ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို ချက်နိုင်ငံမှာ ဗုံးကျွမ်းကျင်သူတွေက အောင်မြင်စွာ ထိန်းချုပ် ဖောက်ခွဲနိုင်ခဲ့ပါတယ်။