Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ပထမပိုင်းအပြီး နားချိန် ၂၅ မိနစ်လောက်ထိ ကြာနိုင်ခြေရှိ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲရဲ့ ပထမပိုင်းအပြီး နားချိန်ဟာ ၂၅ မိနစ်လောက်ထိ ကြာမြင့်ဖွယ် ရှိကြောင်း သိရပါတယ်။

ဓာတ်ပုံ - FIFA

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲရဲ့ ပထမပိုင်းအပြီး နားချိန်ဟာ ၂၅ မိနစ်လောက်ထိ ကြာမြင့်ဖွယ် ရှိကြောင်း သိရပါတယ်။

နယူးယောက် နယူးဂျာစီ ကွင်းကြီးမှာ ဇူလိုင် ၁၉ ရက်နေ့ကျရင် ယှဉ်ပြိုင်မယ့် ပွဲစဉ်ရဲ့ ပထမပိုင်း အပြီးမှာ မက်ဒေါနား၊ ရှာကီရာ၊ ဂျက်စတင်ဘီဘာနဲ့ KPop အမျိုးသား ဂီတအဖွဲ့ BTSတို့ရဲ့ ဖျော်ဖြေမှုတွေကို ထည့်သွင်း စီစဉ်ထားတာကြောင့် ပုံမှန် ၁၅ မိနစ် နားချိန်ထက် ပိုကြာမယ့် အလားအလာ ရှိနေပါတယ်။

တိတိကျကျ မထုတ်ပြန်ထားပေမယ့် အဲဒီနားချိန်ဟာ မိနစ် ၂၀ ကနေ ၂၅ မိနစ်ကြားလောက်ထိ ကြာမြင့်ဖွယ်ရှိပြီး ဖျော်ဖြေပွဲ အစီအစဉ်အတွက် ၁၁ မိနစ် အချိန် သတ်မှတ် လျာထားပါတယ်။

ဒါဟာ နိုင်ငံတကာ ဘောလုံး အဖွဲ့ချုပ် ဘုတ်အဖွဲ့က သတ်မှတ်ထားတဲ့ ‘ကစားသမားတွေဟာ ပွဲတစ်ဝက် နားချိန်ကို ၁၅ မိနစ်ထက် ပိုမယူသင့်ဘူး’ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကွဲလွဲနေပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ဖလားနည်းတူ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ကပဲ ကြီးမှူးပြီး မနှစ်တုန်းက နယူးဂျာစီမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ကလပ်အသင်းများ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတုန်းကလည်း ကိုးလ်ပလေး၊ ဂျေဘယ်လ်ဗင်၊ ဒိုဂျာကတ်၊ တမ်စ်နဲ့ အီမန်နျူရယ် ကယ်လီတို့ရဲ့ ဖျော်ဖြေမှုတွေကြောင့် ၂၄ မိနစ်ထိ ကြာမြင့်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲနဲ့အတူ ပြိုင်ပွဲရဲ့ ပိတ်ပွဲအခမ်းအနားကိုပါ ကျင်းပမှာ ဖြစ်ပြီး အိမ်ရှင်နိုင်ငံ အမေရိကန်ရဲ့ နိုင်ငံတော် သီချင်းကို ဂျနီဖာ ဟတ်ဒ်ဆန်က ဂုဏ်ပြု သီဆိုမယ်လို့ သိရပါတယ်။ နောက်ပြီး ပိတ်ပွဲနေ့ ဖျော်ဖြေပွဲ အစီအစဉ်တွေမှာတော့ တွမ်ခရုစ်၊ လော်ရာ ပေါ်ဆီနီ၊ နစ်ကိုးလ် ရှာဇင်ဂါ၊ ရော်ဘီဝီလျံစ်တို့လည်း ပါဝင် ဖျော်ဖြေကြဖို့ စီစဉ်ထားပါတယ်။

စပိန်အသင်းဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို တက်လှမ်းထားနိုင်ပြီး နောက်ထပ် တစ်နေရာစာ အတွက်ကိုတော့ အင်္ဂလန်နဲ့ အာဂျင်တီးနားတို့က အပြိုင်လုကြရတော့မှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။