Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟာဆီနာနဲ့ ဆက်နွှယ်တဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၆.၂ ဘီလီယံဖိုးလောက်ကို ဘင်္ဂလားဒေ့ရှ် သိမ်းယူ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

ဟာဆီနာ၊ သူ့မိသားစုနဲ့ သူ့ရဲ့ စီးပွားရေး လုပ်ငန်းစုက ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ ဘင်္ဂလားဒေ့ရှ် တာကာငွေ ၇၆၀ ဘီလီယံဖိုး ပိုင်ဆိုင်မှုတွေကို သိမ်းယူလိုက်ကြောင်း ဇူလိုင် ၁၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ အဲဒီငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံလောက်နဲ့ ညီမျှပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို နှစ်ရှည်လများ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းဟာ ၂၀၂၄ နှစ်ကုန်ပိုင်းတုန်းက ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် သူဦးဆောင်တဲ့ အစိုးရ ပြုတ်ကျခဲ့ချိန် ကတည်းက အိန္ဒိယ နိုင်ငံမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့ရပါတယ်။

ဟာဆီနာဟာ ဆန္ဒပြ ပြည်သူတွေကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းဖို့ အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း စွပ်စွဲခံရပြီး ဘင်္ဂလားဒေ့ရှ်မှာ မျက်ကွယ်သေဒဏ် ချမှတ် ခံထားရပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် ၁၅ နှစ်လောက် တာဝန်ယူခဲ့ဖူးတဲ့ အမျိုးသမီးကြီးက သူဟာ နှစ်ကုန်ပိုင်းမှာ ဇာတိနိုင်ငံဆီ ပြန်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေး ထောက်လှမ်းမှု အေဂျင်စီက ပြည်တွင်းမှာရှိတဲ့ ၅၇၀ ဘီလီယံ တာကာဖိုး ပိုင်ဆိုင်မှုတွေနဲ့ ပြည်ပကို ရောက်နေတဲ့ ၁၉၀ ဘီလီယံ တာကာဖိုး ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အေဂျင်စီ အကြီးအကဲ အစ်ခ်တီရာ မိုဟာမက် မာမွန်က ဟာဆီနာနဲ့ သူ့ရဲ့ ကြံရာပါတွေရဲ့ ပိုင်ဆိုင်မှု အဝဝကို စုံစမ်းစစ်ဆေးဖို့ အမှု ၉၈ ခုဖွင့်ပြီး ကိုင်တွယ်နေတယ်လို့ သတင်းထောက်တွေဆီ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ အေဂျင်စီဟာ ပြည်ပနိုင်ငံတွေဆီ ရွှေ့ပြောင်းပြီး ခဝါချထားတဲ့ ငွေကြေးတွေကို ပြန်လည် ရယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း၊ နှစ်ကုန်ပိုင်းလောက်ကျရင် သတင်းကောင်းတွေ မျှဝေပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း မာမွန်က ဆိုပါတယ်။

ဟာဆီနာက အခုနှစ်ထဲမှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာချင်တယ်လို့ ပြောဆိုထားပေမယ့် လက်ရှိ အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီး ဆလာဟူဒင် အာမက်ကတော့ ဟာဆီနာ ပြန်ရောက်လာတာနဲ့ ဖမ်းဆီးခံရပြီး တရားဥပဒေကြောင်းအရ ပြစ်ဒဏ် ကျခံရနိုင်ကြောင်း ပြောဆိုထားပါတယ်။

တရားရုံး စီရင်ချက်ကို အာဏာပိုင်တွေက အကောင်အထည် ဖော်မှာဖြစ်ကြောင်း၊ အယူခံဝင်ခွင့် ရှိမရှိ ဆိုတဲ့ ကိစ္စတွေကိုတော့ တရားရုံးပဲ ဆုံးဖြတ်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဟာဆီနာကို ပြန်လည် လွှဲအပ်ပေးဖို့လည်း အကြိမ်ကြိမ် တောင်းဆိုထားပေမယ့် အိန္ဒိယကတော့ ပယ်ချထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဒီနှစ်ထဲမှာ ဘင်္ဂလားဒေ့ရှ်ဆီ ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဆီ ယူရေနီယမ် လောင်စာ ဖြည့်တင်းမှုတွေ စတင်နေပြီလို့ ရုရှား နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Rosatomက ကြေညာခဲ့ပါတယ်။