Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာဆိုးရွားတဲ့မြေပြိုမှုဖြစ်ပြီးအပျက်အစီးတွေအောက်လူတွေပိတ်မိနေ

တရုတ်နိုင်ငံအနောက်တောင်ပိုင်းကချုံချင်းဒေသမှာဆိုးရွားတဲ့မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Xinhua

ဇူလိုင် – ၁၇ ၊၂၀၂၆

တရုတ်နိုင်ငံအနောက်တောင်ပိုင်းကချုံချင်းဒေသမှာဆိုးရွားတဲ့မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေကြောင်း သိရပါတယ်။

ရာနဲ့ချီတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဇူလိုင် ၁၇ ရက် မနက်ပိုင်းတုန်းက ချုံချင်းမှာရှိတဲ့ ပန်ရှူခရိုင်ထဲက အခင်းဖြစ်ပွားတဲ့ နေရာဆီ အပူတပြင်း သွားရောက်နေကြပါတယ်။

အဲဒီ မြေပြိုမှုကြောင့် အဆောက်အအုံတွေ ပျက်စီးကုန်သလို ဒေသခံတွေဟာလည်း ရွှံ့ချပ်တွေ၊ ကျောက်တုံးတွေနဲ့ အပျက်အစီးတွေအောက် ပိမိကုန်ပါတယ်။

Public Service Announcement

Public Service Announcement

မြေပြိုမှုကြောင့်ထိခိုက်သေဆုံးမှုနဲ့ ပျောက်ဆုံးစာရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

ပန်ရှူမှာမိုးကြိုးမုန်တိုင်းတွေဖြစ်ပေါ်ပြီးရာသီဥတုဆိုးရွားနေပေမယ့်လည်းကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို အပူတပြင်း ဆောင်ရွက်နေကြပါတယ်။

ဒေသစံတော်ချိန်မနက်၈ နာရီဝန်းကျင်လောက်တုန်းက တောင်စောင်းတစ်နေရာကနေ ကျောက်တုံးတွေ တအိအိ ပြိုကျလာတာကို ဒေသခံတွေက စတင် သတိပြုမိခဲ့ပါတယ်။

ဒါကြောင့်လည်း ကယ်ဆယ်ရေး အဖွဲ့တွေက အဲဒီဧရိယာမှာ နေထိုင်သူတွေထဲက လူ ၆၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ တစ်နာရီလောက်အကြာမှာပဲအကြီးအကျယ်မြေပြိုမှုကြီး ဖြစ်ခဲ့ပြီး အဆောက် အအုံတွေကိုပါ ကျောက်တုံးတွေ ပိမိကုန်တာပါ။

နေ့လယ်ပိုင်းထိအခြေအနေအရအပျက်အစီးတွေအောက်ကနေ လူခြောက်ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ခရိုင် အုပ်ချုပ်ရေး ကောင်စီကတော့သေဆုံးဒဏ်ရာရစာရင်းကို နောက်ပိုင်းမှာ သီးခြား ထုတ်ပြန်မယ်လို့ ပြောပါတယ်။

တရုတ် အစိုးရရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ချုံချင်းမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ဒုတိယ အမြင့်ဆုံးအဆင့် ကြေညာခဲ့သလို ကယ်ဆယ်ရေးဝန်ထမ်း ၁၀၀ ဝန်းကျင်နဲ့ စက်ယန္တရားတွေ၊ တခြား လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ မြေပြိုမှုအပြီး အဲဒီနေရာကနေ အညိုရောင် ဖုံမှုန့်တွေ တထောင်းထောင်း ထနေတာကို တွေ့ရပါတယ်။

ဒရုန်းကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာလည်း ကျယ်ပြောတဲ့ ဧရိယာတစ်ခုမှာ အိမ်တွေ၊ ဆိုင်တွေ၊ အဆောက်အအုံတွေကို ရွှံ့ချပ်တွေ၊ ကျောက်တုံးတွေက လွှမ်းမိုးသွားတာ တွေ့၇ပါတယ်။

ချုံချင်းမှာ ဇူလိုင် ၁၇ နဲ့ ၁၈ ရက်တွေအတွင်း မိုးကြိုးမုန်တိုင်းတွေနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်မယ်လို့ မိုးလေဝသ ဌာနက ကြေညာထားပေမယ့် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရာသီဥတုကို ဂရုမစိုက်နိုင်ဘဲ အပျက်အစီးပုံကြားမှာ အပူတပြင်း အလုပ်ရှုပ်နေခဲ့ကြပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ မြေပြိုကျတဲ့ နေရာမှာ ဌာနပေါင်းစုံက ယူနီဖောင်း မျိုးစုံနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ၊ မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေ အများအပြားလည်း ရောက်ရှိနေကြောင်း သိရပါတယ်။

ကိုးကား – SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)ရဲ့ ညီလာခံ တက်ရောက်ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ကာဂျစ္စတန် နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

ဆောင်းပါး

တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ ? – မဲခေါင် ရေးသားသည်။ CBC News ရဲ့ “About That” အစီအစဉ်မှာ “တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို အခြေခံပြီး၊ လက်ရှိ ကမ္ဘာ့နည်းပညာနဲ့ ကာကွယ်ရေး...

နိုင်ငံတကာ

တရုတ်မှာရှိတဲ့ လျှပ်စစ်ကား (EV) သုံးသန်းလောက်ရဲ့ တံခါးလက်ကိုင်တွေ ပြန်လဲတပ်ပေးဖို့ အမေရိကန် EVကုမ္ပဏီ Teslaက စီစဉ်နေပါတယ်။

နိုင်ငံတကာ

လမျက်နှာပြင် စူးစမ်းရေးယာဉ်ကို ဒုံးပျံနဲ့ လွှတ်တင်မယ့် အစီအစဉ် တစ်ခုကို ရွှေ့ဆိုင်းထားလိုက်ကြောင်း တရုတ် အာကာသ အေဂျင်စီက ကြေညာခဲ့ပါတယ်။