Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပီရူးမှာ ငလျင်နှစ်ခုလှုပ်ပြီး ၆ ဦးထက်မနည်း သေဆုံး၊ အိမ် ၅၀ နီးပါး ပြိုကျ

ပီရူးနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ပီရူးနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

တောင်အမေရိက ဒေသတွင်း နိုင်ငံရဲ့ တောင်ထူထပ်ရာ ချူပါကာနဲ့ ဟွမ်ကာရို ပြည်နယ်တွေမှာ ဇူလိုင် ၁၉ ရက် မနက်အစောပိုင်းတုန်းက လျင်တွေ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်တွေရဲ့ ပြင်းအားဟာ မဂ္ဂနီကျု ၅.၁ နဲ့ ၃.၇ အဆင့်တွေ အသီးသီး ရှိကြောင်း ပီရူး အမျိုးသား ငလျင်တိုင်းတာရေး ဌာနက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)ကတော့ ပထမ ငလျင်ရဲ့ ပြင်းအားကို မဂ္ဂနီကျု ၅.၅ လို့ ဖော်ပြခဲ့ပါတယ်။

ငလျင်တွေကြောင့် လူ ၆ ဦးသေပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း၊ အဆောက်အအုံတွေ ပျက်စီးမှုကြောင့် လူပေါင်း ၃၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေးဌာန အကြီးအကဲ လူးဝစ္စ ဗက်ဇ်ကွက်ဇ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပိုမိုပြင်းထန်တဲ့ ပထမငလျင်ရဲ့ ဦးတည်ရာ မြေအနက်ကို ပီရူးရဲ့ အေဂျင်စီက ၂၄ ကီလိုမီတာလို့ ဖော်ပြပြီး USGSကတော့ ၁၀ ကီလိုမီတာလောက်သာ နက်တဲ့ မြေတိမ်ငလျင် အမျိုးအစားလို့ သတ်မှတ်ခဲ့ပါတယ်။ မြေတိမ်ငလျင်တွေဟာ မြေမျက်နှာပြင်ပေါ်မှာ ပိုပြီး ပြင်းထန်တဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။

ချူပါကာမှာ ရွှံ့ကို မီးဖုတ်ထားတဲ့ လက်ဖြစ် အုတ်တွေကို သုံးတဲ့ ရိုးရာအိမ်လေးတွေကို အဓိကတည်ဆောက် နေထိုင်ကြပြီး ငလျင်ဒဏ်ကို ခံနိုင်ရည် နည်းတာကြောင့်လည်း အပျက်အစီး များပြားခဲ့တာပါ။ အိမ် ၅၀ နီးပါးလောက်ဟာ လုံးဝ ပြိုကျခဲ့ပြီး တခြားပျက်စီးတဲ့ အဆောက်အအုံတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဟွမ်ကာရို ဆေးရုံမှာလည်း နံရံ အက်ကြောင်းတွေ ဖြစ်လာပေမယ့် ပုံမှန်ဆက်လက် လည်ပတ်နေပြီး ဒဏ်ရာရထားသူတွေကို လက်ခံ ကုသပေးနေပါတယ်။ ငလျင်တွေအပြီး ဒေသတွင်းက မြို့ရွာတွေမှာ ဓာတ်အား ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဗက်ဇ်ကွက်ဇ်က ကယ်ဆယ်ရေးတွေ အဖွဲ့တွေဟာ အပျက်အစီးတွေကို အတတ်နိုင်ဆုံး ခပ်မြန်မြန် ဖယ်ရှား ရှင်းလင်းနေပြီး အောက်ထဲမှာ ပိတ်မိနေသူတွေ ရှိမလား ဆိုတာကို အပူတပြင်း လိုက်လံ စစ်ဆေး ရှာဖွေနေကြောင်း ပြောပါတယ်။

ပီရူးဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်နေပါတယ်။ ကမ္ဘာပေါ်မှာ လှုပ်ရှားသမျှ ငလျင်အားလုံးရဲ့ ခန့်မှန်းခြေ ၈၅ ရာခိုင်နှုန်းလောက်ဟာ အဲဒီ ဇုန်သတ်မှတ်ချက်ထဲမှာ ဖြစ်ပွားလေ့ ရှိပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။