Connect with us

Hi, what are you looking for?

သတင်း

မြိုင်နဲ့ ပေါက်မှာ စစ်တပ်က ၁လအတွင်း စစ်တပ်က ပြည်သူ ၂၄ ဦးထက်မနည်း သတ်ဖြတ်

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်)

ဇူလိုင် ၂၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

ဇွန်လကတည်းက မြိုင်နဲ့ ပေါက်မြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ အဲဒီလို သတ်ဖြတ်ရာမှာ ဇွန်လ ၂၃ ရက်က မြိုင်မြို့နယ် သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဝက်ပုတ်၊ ကုန်းရွာတွေက ပြည်သူ ၆ ဦး၊ ဇူလိုင် ၂ ရက်က ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာက ပြည်သူ ၅ ဦး၊ ဇူလိုင် ၁၃ ရက်က မြိုင်မြို့နယ် ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင်ရွာတွေက ပြည်သူ ၅ ဦး၊ ဇူလိုင် ၁၈ ရက်က ကွန်လပ်ကျေးရွာက ပြည်သူ ၂ ဦး၊ ဘောတုံကျေးရွာက ပြည်သူ ၅ ဦး၊ သံချောင်းကျေးရွာက ပြည်သူ ၁ ဦး စုစုပေါင်း ပြည်သူ ၂၄ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးပါတယ်။

သတ်ဖြတ်ခံရသူတွေမှာ စိတ်ကျန်းမာရေး မပြည့်စုံသူတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပြီး ရုပ်အလောင်းတွေကို မီးရှို့ဖျောက်ဖျက်တာတွေ ပြုလုပ်ထားကြောင်း တွေ့ရှိရတယ်လို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထပ်မံ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“သတ်ဖြတ်ခံရသူဦးရေဟာ ယခုထက်များနိုင်ပါတယ်။စစ်ကြောင်းဝင်ပြီးဆက်သွယ်လို့မရဘဲအဆက်အသွယ်ပြတ်တောက်နေတဲ့ ပြည်သူအချို့လည်းရှိနေပါသေးတယ်”လို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ စစ်ကြောင်းဟာ မြိုင်မြို့နယ် အနောက်ပိုင်း သင်းမကျေးရွာမှာ ရောက်ရှိနေကြောင်း သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကြောင်းရောက်ရှိနေရာ သင်းမရွာအနီးကို တံတားဦးလေတပ်မှ Y 12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ်တစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

စစ်တပ်ကစစ်ကြောင်း ဆက်ထိုးနေဆဲ ဖြစ်တာကြောင့် လမ်းပိုင်းတွေက ပြည်သူတွေ စစ်ကြောင်းနဲ့ မတွေ့အောင် အထူးသတိထားရှောင်နေကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို