Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့မှာ ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာတွေ အရေးပေါ်ရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။

Screenshot

ဇူလိုင် ၃၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။

မနေ့က ဇူလိုင် ၃၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာမှာ အမြင့် ၁၈ ပေ ရှိတဲ့ တာမိုင်အမှတ်(၂၅/၃)မှာ သဲဗွက်တစ်ခုဖြစ်ပေါ်ပြီး တာနိမ့်ဆင်းမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် တာတွေထပ်မနိမ့်လာအောင် တုတ်ရိုက်တာ၊ကျောက်ချတာ၊ သဲမြေဖို့တာ၊ သဲအိတ်စီတာတွေ လုပ်နေတုန်းမှာပဲ ည ၁၁ နာရီခန့်မှာတော့ အဲဒီငဝန်မြစ်ရေကာတာဟာ အလျား ပေ ၅၀ ပေခန့်အကျယ်ရှိ တာကျိုးသွားခဲ့ကြောင်း မီးသတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ည ၁နာရီကျော်ကတည်းက ရေကျော်နေတာ။”လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီ ရေကာတာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားနေတဲ့ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာနဲ့ ကွမ်းခြံကုန်းကျေးရွာတွေက ပြည်သူတွေဟာ အရေးပေါ် ရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။