Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်ရှိဆီဆိုင်ဗုံးကြဲခံရပြီးတစ်ဦးသေဆုံး ၊၁၀ဦးထက်မနည်းထိခိုက်

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သြဂုတ် – ၂ ၊၂၀၂၆ /People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

မုံရွာ – ယာကြီး – မင်းကင်း – ကလေးဝ ကားလမ်းပေါ်မှာရှိတဲ့ စက်သုံးဆီဆိုင်ကိုသြဂုတ်၁ရက် နေ့ခင်းပိုင်း ၃ နာရီဝန်းကျင်မှာ စက်တပ်လေထီး အပြင်တိုက်လေယာဉ်နဲ့ ပါဗုံးကြဲတာပါ။

အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းအသက် ၅၀ကျော်အရွယ် အမျိုးသား တစ်ဦးနေရာမှာတင်သေဆုံးသလိုအရပ်သား ၁၀ဦးထက််မနည်းထိခိုက်ဒဏ်ရာရသွားတယ်လို့ နယ်ခံအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“သေဆုံးသူကခရီးသွားပြည်သူပါ”လို့ နယ်ခံတစ်ဦးက ဆိုပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုအပြင်ဓာတ်ဆီဆိုင်ဘေးမှာရပ်နားထားတဲ့ဆီတင်ဘောက်ဆာကားတစ်စီးနဲ့ကုန်ကားတစ်စီးမီးလောင်ခဲ့သလိုလူနေအိမ်အချို့လည်းပျက်စီးသွားပါတယ်။

အာဏာသိမ်းစစ်တပ်အတွက်ဝါဒဖြန့် နေတဲ့တယ်လီဂရမ်အချို့မှာတော့ စစ်တပ်လက်လွှတ်ထားရတဲ့ စစ်ကိုင်းတိုင်းထဲကနယ်မြေတွေမှာရှိတဲ့စက်သုံးဆီဆိုင်တွေ၊ ရွှေနဲ့ ရေနံတူးဖော်ရာဒေသတွေကို ဗုံးကြဲ ဖို့ လှုံ့ဆော်တာတွေရှိနေပါတယ်။

စက်သုံးဆီဆိုင်တွေက PDF တွေအတွက်လောင်စာဆီ ရသလို သယံဇာတတူးဖော်ရာဒေသတွေကလည်း PDF တွေ ဝင်ငွေရနေတာလို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက စွပ်စွဲပြီး ဗုံးကြဲဖျက်ဆီးဖို့ လှုံ့ဆော်နေကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook