Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းစုကြည်ကို ICRCနဲ့ပဲတွေ့ခွင့်ပြုတာက အကျဉ်းသားအဖြစ်သာ သဘောထားကြောင်းသိသာထင်းရှား​စေဟုAAPP ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

(ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူတို့ ဒီကနေ့ ဩဂုတ် ၃ရက်မှာ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

“ICRCဟာနိုင်ငံရေးအရအဖွဲ့အစည်းမဟုတ်ပါ။ ဒါကြောင့်ဒီလုပ်ဆောင်ချက်လောက် နဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူ မဖြစ်သလိုအာဆီယံ နဲ့ နိုင်ငံတကာအနေနဲ့လည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။”

— ဦးဘိုကြည် (AAPPတွဲဘက်အတွင်း​ရေးမှူး)

ဩဂုတ် ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူမှ တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦး အနေဖြင့် အသိအမှတ်ပြုခြင်းမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကိုသာရွေးချယ်၍ တွေ့ဆုံခွင့်ပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​ကြောင်း AAPP ကဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်မရှိ လွှတ်ပေးရမယ့်အပြင် နိုင်ငံတော်ကို ပြန်လည်ဦးဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို တရားဝင် အသိအမှတ်ပြုရမယ်လို့ လည်း​တောင်းဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

“ဒေါ်အောင်ဆန်းစုကြည်ဆိုတာပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ပါ။ ပြည်သူ့ဆန္ဒ က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်သတ်မှတ်ထားတာပါ။ အဲဒီလိုဘဲ အာဆီယံ နဲ့ နိုင်ငံတကာ က ဒေါ်အောင်ဆန်းစုကြည် ကို ချွင်းချက်မရှိ လွတ်မြောက်ပေးဖို့ နဲ့ မြန်မာနိုင်ငံရေးမှာ ဦးဆောင်တဲ့ နေရာက ပါဝင်နိုင်ဖို့ပါ။ အခု စစ်အုပ်စုလုပ်ဆောင်ချက် က နိုင်ငံတကာနဲ့ပြည်သူကို လှည့်စားဖို့ လုက်ဆောင်ချက်ပါ။ အိုင်စီအာစီ ဟာ နိုင်ငံရေးအရ အဖွဲ့အစည်းမဟုတ်ပါ။ ဒါကြောင့် ဒီလုပ်ဆောင်ချက်လောက် နဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူမဖြစ်သလို အာဆီယံ နဲ့ နိုင်သံတကာအနေနဲ့လည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။”လို့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqqueကဩဂုတ် ၃ရက်နံနက်ပိုင်းမှာတွေ့ဆုံခဲ့ကြောင်း စစ်အုပ်စုကထုတ်ပြန်ပါတယ်။အဲဒီလိုတွေ့ဆုံခွင့်ပေးခြင်းဟာ ပြည်တွင်းပြည်ပနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုပေါင်းဖိအားပေးမှုကြောင့်ရရှိလာတဲ့ အောင်မြင်မှုတစိတ်တပိုင်းဖြစ်ကြောင်းလည်း AAPPက ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းစကတည်းက နှစ်ရှည်လများ သတင်းအ​မှောင်ချ ခံရတဲ့ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကျန်းမာ​နေကြောင်းအထောက်အထားကို အာဏာသိမ်းစစ်အုပ်စုက သြဂုတ်၃ ရက်မှာမှ ပြသလာတာဖြစ်ပါတယ်။

ဒါ​ပေမယ့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံခဲ့တဲ့အ​ကြောင်း မြန်မာစံ​တော်ချိန်သြဂုတ် ၃ ရက်မွန်းလွဲပိုင်းအထိတရားဝင် ထုတ်ပြန်တာမရှိ​သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိမရှိ ပြသဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံတကာနဲ့ ပြည်သူလူထုက ပုံစံမျိုးစုံနဲ့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက် ၂၀၂၆ ဇူလိုင် ၃၁ ရက်အထိ့ လူထု​ခေါင်း​​​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရတဲ့ နိုင်ငံ​ရေးအကျဥ်းသား ​ပေါင်း ၃၁၆၁၉ ဦးရှိပြီး ၊ထိုထဲမှဖမ်းဆီးထိန်းသိမ်းခံထားရဆဲ နိုင်ငံ​ရေးအကျဥ်းသား ၂၂၅၄၃ ဦးကျန်ရှိ​နေ​သေးတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်တပ်က ပြည်သူ​အနည်းဆုံး ၈၂၂၂ ဦးကိုသတ်ဖြတ်ထားတယ်လို့​ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။