Connect with us

Hi, what are you looking for?

သတင်း

ခြောက်လအတွင်းနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသတွေမှာစစ်တပ်လက်ချက်နဲ့အရပ်သား၇၀ နီးပါးသေဆုံး

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KHRG

သြဂုတ် – ၃ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ်၊ဒရုန်းတိုက်ခိုက်မှု၂၆ ကြိမ်၊ လက်နက် ကြီးပစ်ခတ်မှု ၄၄ ကြိမ်နဲ့ မြေမြုပ်မိုင်းကြောင့်ထိခိုက်မှုဖြစ်စဉ် သုံးကြိမ်ရှိခဲ့တယ်လို့ KHRG က မှတ်တမ်းပြုစုခဲ့တာပါ။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေး ၂၂ ဦးအပါအဝင် အရပ်သား စုစုပေါင်း ၆၆ ဦး သေဆုံးသွားခဲ့ရသလို ကလေး အနည်းဆုံး ၂၅ ဦးအပါအဝင် စုစုပေါင်း ၁၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင်စာသင်ကျောင်းရှစ်ကျောင်း၊ ဘုန်းကြီးကျောင်း ၁၀ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းငါးကျောင်းနဲ့ လူနေအိမ်ခြေအများအပြားပျက်စီးခဲ့ရတယ်လို့လည်း KHRG က ဆိုပါတယ်။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့စစ်ရေးလှုပ်ရှားတဲ့နေရာတွေမှာဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ အဓမ္မပေါ်တာဆွဲလမ်းပြစေခိုင်းတာ အပါ အဝင် အတင်းအကျပ် စစ်သားစုဆောင်းခံရတာတွေလည်း ခံစားကြရတယ်လို့ KHRG ကထည့်သွင်းဖော်ပြပါတယ်။

စစ်တပ်ဟာ တိုက်လေယာဉ်တွေ​၊ ဒရုန်းတွေ ၊ စက်တပ်လေထီးတွေနဲ့အသေခံဒရုန်းတွေကိုပိုမိုအသုံးပြုလာသလိုပေါက်ကွဲအားကြီးမားတဲ့ ပေါင် ၃၀၀ ကနေ ပေါင် ၅၀၀ ဗုံးတွေ ကိုပါသုံးစွဲနေတယ်လို့ အသိပေးထားပါတယ်။

ထိခိုက်သေဆုံးမှုတွေကတော့ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ထားပုံအရ ဒူးသထူ(သထုံ)၊တောအူး (တောင်ငူ)၊ ခလယ်လွီထူ(ညောင်လေးပင်)၊ ဘိတ်-ထားဝယ်၊ မူတြော်(ဖာပွန်)၊ ဒူးပလာယာ(ကြာအင်းဆိပ်ကြီး) နဲ့ ဘားအံခရိုင်တို့မှာ ဖြစ်ပွားခဲ့တာလို့ KHRG ရဲ့ဖော်ပြချက်မှာပါရှိပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊သတ်ဖြတ်တာမရှိဘူးလို့ အစဉ်တစိုက်ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ