Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့ထွေအုပ်ရုံးအနီး ဗုံးပေါက်

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(စစ်ကိုင်းမြို့ထွေအုပ်ရုံးအား တွေ့ရစဥ်။ ဓါတ်ပုံံ-CJ)

သြဂုတ် ၅၊ ၂၀၂၆။မေရီ/People’s Spring

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၅ ရက် နေ့လယ် ၁ နာရီခန့်က စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ စည်ပင်ရုံးအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အသံကြားလိုက်တယ်။ အသံနည်းနည်းတော့ ကျယ်တယ်။ လူထိမထိတော့ မကြားဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါနေရာတွေဟာ အာဏာသိမ်းစစ်တပ်က လုံခြုံရေးယူထားတဲ့အတွက် သာမန်ပြည်သူတွေအသွားအလာနည်းတာကြောင့် ထိခိုက်မှုရှိ၊မရှိ မသိရသေးဘူးလို့ ဒေသခံ​တေံက ပြောပါတယ်။

“ရုံးကြီးထောင့်မှာ ခတွေ မိုင်းတွေ့လို့ လမ်းတွေပိတ်ပြီး လာဖြုတ်ရင်းနဲ့ ဗုံး(မိုင်း)ပေါက်ကွဲမူ့ဖြစ်တာ။ ထိခိုက်သေဆုံးကတော့ မသိရသေးဘူး”လို့ မြို့ခံတစ်ဦးရဲ့စကားကို ကိုးကားကာ စစ်ကိုင်းအခြေစိုက် Ground Press က ဖော်ပြပါတယ်။

မနေ့က သြဂုတ် ၄ ရက်ကလည်း စစ်ကိုင်းမြို့ မြောက်ဘော်ဂါရပ်ကွက်ထိပ် ကျောက်ဝိုင်းဟောင်းအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကလည်း စစ်ကိုင်းမြို့၊ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝကရုံး) ဗုံးပေါက်ကွဲပြီး လူ ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

စစ်ကိုင်းမြို့အဝင်မှာ လိုင်စင်မဲ့ကားတွေကိုလိုက်ပို့နေတဲ့ ရဲအုပ်လင်မယားနဲ့ ရဲတပ်သား အောင်မြင့်ဦးတို့ PDF ရဲဘော်တွေရဲ့ စစ်ဆေးရေးနဲ့တွေ့ပြီး ဖမ်းဖို့ကြိုးစားစဉ် ခုခံတာကြောင့် ပစ်ခတ်လိုက်ရတယ်လို့ မင်းကွန်းတိုက်နယ်ပလဖ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့ ပေါက်တောကျေးရွာက စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခဲ့မှုအတွင်း ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၇)တပ်ရင်း တပ်ခွဲ (၄)-Acid(စစ်ကြောင်း)က ဒီကနေ့ (ဇန်နဝါရီ၁၈ရက်) ထုတ်ပြန်ပါတယ်။