Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့က စစ်တပ်ဂိတ်စခန်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

စစ်ကိုင်းမြို့ ပေါက်တောကျေးရွာက စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခဲ့မှုအတွင်း ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၇)တပ်ရင်း တပ်ခွဲ (၄)-Acid(စစ်ကြောင်း)က ဒီကနေ့ (ဇန်နဝါရီ၁၈ရက်) ထုတ်ပြန်ပါတယ်။

(Acid (စစ်ကြောင်း)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Acid)

ဇန်နဝါရီ-၁၈၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းမြို့ ပေါက်တောကျေးရွာက စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခဲ့မှုအတွင်း ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၇)တပ်ရင်း တပ်ခွဲ (၄)-Acid(စစ်ကြောင်း)က ဒီကနေ့ (ဇန်နဝါရီ၁၈ရက်) ထုတ်ပြန်ပါတယ်။

အဲဒီဂိတ်စခန်းကို ဇန်နဝါရီ ၁၆ရက် မနက် ၇ နာရီခန့်မှာ အလစ်ငိုက်ဝင်တိုက်ခဲ့တာဖြစ်ပြီး စစ်ကူစစ်ကြောင်းကိုပါ ဖြတ်တောက်ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဂိတ်စခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် သေဆုံးသူ ၁၀ဦးနဲ့ ထိခိုက်သူ ၂၀ ခန့်ရှိတယ်လို့ အသိပေးပါတယ်။စစ်တပ်သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

အဲဒါအပြင် စစ်ကိုင်းမြို့ဘက်ကလာတဲ့ စစ်တပ်ရဲ့ စစ်ကူအိမ်စီးကား နှစ်စီးကိုလည်း ဖြတ်တောက်နိုင်ခဲ့ပေမယ့် စစ်တပ်ရဲ့ အင်အား၊ခဲယမ်းသာလွန်မှုကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေကို တင်တဲ့ပုစဥ်းခေါင်း (Lefan)ယာဥ်ကလည်း ကြက်ထောင့်တောင်ရွာက လမ်းကြိတ်စက် ဝင်တိုက်မိတာကြောင့် သုံးဦးသေဆုံးတယ်လို့ ဖော်ပြပါတယ်။

“ပေါက်တောရွာက စစ်ကိုင်း-မင်းကွန်းလမ်းပိုင်း အလယ်လောက်မှာရှိတယ်။ဂိတ်စခန်းဖွင့်တာက နှစ်နှစ် ဝန်းကျင်လောက်ရှိပြီ။အင်အားက တော့များတယ်”လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

ပေါက်တောနဲ့ စစ်ကူစစ်ကြောင်းတိုက်ခိုက်မှုတွေကို Acid (စစ်ကြောင်း)၊ ပြည်သူ့စစ်သည်တော် အထူးပြောက်ကျားတပ်ဖွဲ့ ၊ မင်းကွန်းတိုက်နယ် ပ.လ.ဖ၊ GUN STAR ပြောက်ကျားတပ်ဖွဲ့နဲ့ နယ်မြေခံ ပ.က.ဖ တို့ ပူးပေါင်းလုပ်ဆောင်တာလို့ အသိပေးပါတယ်။

တော်လှန်ရေးအင်းအားစုတွေဘက်က ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်ကလည်း စစ်ကိုင်းမြို့အထွက်က ကံတလူတိုးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီး စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ စစ်ကိုင်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။