Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ အသတ်ခံရတဲ့ ရုရှားမောင်နှမအတွက် ဆုတောင်းပွဲ ပြုလုပ်

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ - Pattaya News

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

ချွန်ဘူရီ ပြည်နယ်က ပတ္တယားမြို့နားက ဒိုင်ယာနာ နာဇီမိုဗာနဲ့ မောင်ဖြစ်သူ ရိုမန် နာဇီမိုဗာတို့ရဲ့ ရုပ်အလောင်းတွေကို တူးဖော် တွေ့ရှိခဲ့တဲ့ နေရာမှာ ဩဂုတ် ၆ ရက်နေ့တုန်းက ကွယ်လွန်သူတွေရဲ့ မိသားစုဝင်တွေ၊ ရဲတွေ၊ တာဝန်ရှိသူတွေနဲ့ စာနာဝမ်းနည်းတဲ့ ဒေသခံတွေက အမှတ်တရ ပန်းစည်းတွေ ချထားခဲ့ပြီး ဆုတောင်းပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေကလည်း ကွယ်လွန်သူတွေအတွက် ဆုတောင်းပေးခဲ့ကြတာကို တွေ့ရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဒိုင်ယာနာနဲ့ အသက် ၁၇ နှစ်အရွယ် ရိုမန်တို့ကို သတ်ဖြတ်မှုအတွက် ထိုင်းနိုင်ငံသား နှစ်ဦးကို ရဲတွေက ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ် သာနာ ကတ်သောင်နဲ့ အသက် ၃၉ နှစ်အရွယ် သောင်ချိုင် ဆရီနေလ်တို့ဟာ ဇူလိုင် ၂၆ ရက်နေ့က ချွန်ဘူရီမှာရှိတဲ့ ဘန်လာမွန် ခရိုင်ထဲမှာ ရုရှားမောင်နှမကို သတ်ဖြတ်ပြီး မြေမြှုပ် အလောင်းဖျောက်ခဲ့ကြောင်း ဝန်ခံထားပါတယ်။

အဲဒီမှုခင်းနဲ့ ဆက်စပ်ပြီး ရဲတွေက စစ်ဆေးရာမှာ သာနာဟာ ထိုင်းမိသားစု တစ်ခုထဲက နောက်ထပ် လူ ၃ ဦးကိုလည်း သတ်ဖြတ်ပြီး မြေမြှုပ် လက်စဖျောက်ထားကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒိုင်ယာနာနဲ့ ရိုမန်တို့ အသတ်ခံရမှုဟာ ထိုင်းတစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူ ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆုတောင်းပွဲ အစီအစဉ်မှာတော့ သေဆုံးသူတွေရဲ့ မိခင် ရှရီနာ နာဇီမိုဗာလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ချွန်ဘူရီ ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ် ရဲတပ်ဖွဲ့မှူးတို့လည်း အဲဒီ အစီအစဉ်ဆီကို ရောက်ရှိလာခဲ့ပါတယ်။

ကျန်ရစ်သူ မိသားစုဟာ ဒိုင်ယာနာ အကြိုက်ဆုံး ကော်ဖီတစ်ခွက်ကိုလည်း အလောင်းတွေ ရှာတွေ့တဲ့ နေရာမှာ ချထားခဲ့ကြပါတယ်။

မျက်ရည်လည်ရွဲနဲ့ ဖြေမဆည်နိုင် ဖြစ်နေတဲ့တိုင်အောင် ရှရီနာက အမှုမှန် ပေါ်ပေါက်လာအောင် အစွမ်းကုန် ကြိုးစား ကူညီပေးခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေ၊ စာနာကူညီ ဖေးမခဲ့တဲ့ ထိုင်းပြည်သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒိုင်ယာနာနဲ့ ရိုမန်တို့ရဲ့ မိသားစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တာကြောင့် ထိုင်းဗုဒ္ဓဘာသာ ဓလေ့ထုံးစံတွေနဲ့အညီ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ မိခင်ဖြစ်သူဟာ ထိုင်းမှာ နှစ်အတော်ကြာ အခြေချ နေထိုင်ပြီး သားသမီး နှစ်ဦးကိုလည်း တစ်ကိုယ်တော် ပျိုးထောင်ခဲ့ပါတယ်။ မောင်နှမ နှစ်ဦးနဲ့ ထိုင်းမိသားစုကို သတ်ဖြတ်ခဲ့တဲ့ ကွင်းဆက် လူသတ်မှုတွေနဲ့ ပတ်သက်လို့တော့ ထိုင်းရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Pattaya News

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။