Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နာရေးမှာ လက်ရှိနဲ့ အရင် ထိုင်းဝန်ကြီးချုပ် ၄ ဦး တွေ့ဆုံ

ထိုင်းနိုင်ငံက အခမ်းအနား တစ်ခုမှာ လက်ရှိ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်း ၃ ဦးတို့ တွေ့ဆုံခဲ့ကြပါတယ်။

Screenshot

ထိုင်းနိုင်ငံက အခမ်းအနား တစ်ခုမှာ လက်ရှိ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်း ၃ ဦးတို့ တွေ့ဆုံခဲ့ကြပါတယ်။

ထိုင်းမီဒီယာတွေကတော့ အူဘွန် ရတ်ချာဌာနီမှာ ဝန်ကြီးချုပ် ၄ ဦး ဆုံတွေ့မှုလို့ ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့ကြပါတယ်။ နာရေးတစ်ခုကို တက်ရောက်ကြရင်း လက်ရှိနဲ့ အရင် ဝန်ကြီးချုပ်ဟောင်းတွေ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ လက်ရှိ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူဟာ ထိုင်းနိုင်ငံရေး နယ်ပယ်မှာ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် တစ်ဦးအဖြစ် သတ်မှတ်ခံရဖူးတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်နဲ့ စကားပြောနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကိုယ်ဟန် အမူအယာတွေအရ အနူတင်ဟာ အသက်ပိုကြီးတဲ့ သက်ဆင်ကို လေးလေးစားစား ပြုမူ ပြောဆိုနေတာကိုလည်း မြင်ခဲ့ရပါတယ်။

ဒါဟာ သက်ဆင်က ထောင်ဒဏ် ကျခံပြီး ပြန်လွတ်လာတဲ့နောက်ပိုင်း အနူတင်နဲ့ ပထမဆုံး လူချင်းတွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။ သက်ဆင်နဲ့ အနူတင်တို့ စကားပြောနေချိန် ဘေးနားမှာ သက်ဆင်ရဲ့ သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း ဖေထောင်ထန် ရှီနာဝတ်ထ်လည်း ရှိနေခဲ့ပါတယ်။ နာရေး အစီအစဉ်ကို တခြား ထိုင်းဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ဆွမ်ချိုင် ဝန်ဆာဝတ်လည်း တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း ကရိုင်ယန် ကယ်လ်တီနန်ရဲ့ နာရေးအခမ်းအနားကို အနူတင်က ကြီးမှူးပေးခဲ့ပါတယ်။

အနူတင်ရဲ့ ဖုန်ချိုင်ထိုင်း ပါတီဟာ သက်ဆင်ရဲ့ သမီးဖြစ်သူ ဖေထောင်ထန် ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရထဲမှာ ပါဝင်ခဲ့ဖူးပေမယ့် ထိုင်းစစ်တပ်ကို ဖေထောင်ထန်က ဝေဖန်ထားတဲ့ ဖုန်းအသံဖိုင် ပေါက်ကြားမှု ဖြစ်စဉ်အပြီး ညွန့်ပေါင်း အစိုးရထဲက နုတ်ထွက်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ဖေထောင်ထန်ရဲ့ အစိုးရလည်း ပြိုကွဲခဲ့ပြီး အဲဒီနောက်ပိုင်း အနူတင်က ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတော့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲကိုပါ ထိုင်းနိုင်ငံ လာရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လူသိများတဲ့ ထိုင်းအတိုက်အခံ အမတ်တစ်ဦးက ထိုင်းအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက ဒေသတွင်း စျေးရောင်းပွဲတော် တစ်ခုမှာ လူတစ်စုက ဓားတွေ၊ ပြောင်းတိုသေနတ် တစ်လက်ကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။