Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ် စစ်တပ် ဗုံးကြဲမှု အမျိုးသမီး ၂ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

(ဆားလင်းကြီးမြို့နယ်၊ဆားခါးကျေးရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ဩဂုတ်၁၉၊၂၀၂၆၊ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ် ၁၈ရက် မနေ့က ညနေ ၃နာရီခွဲမှာ ​ရေခါးကျေးရွာလယ်ခေါင်ကို ဂျက်ဖိုက်တာ၂စီးနဲ့ဗုံးကြဲခဲ့တာမို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။

“ကိုယ့်အလုပ် ကိုယ်လုပ် နေကြချိန်ပေါ့။ရှောင်ချိန်ကို မရလိုက်ဘူး။အရင်ကလိုတောင်မဝဲဘူး။တန်းကြဲသွားတာ။ရွာလည်ခေါင်ကိုပါ။အမျိုးသမီးနှစ်ဦးသေပြီး ဒဏ်ရာရတာက ၅ယောက် လောက်ရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲပြီးနောက် ဝမ်ပေါင်စီမံကိန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“လက်နက်ကြီး ၆လုံးပြီးမှ ရှောင်ရတာ။အဲတာကျ ရွာကမီးလောင် နေပြီ။မီးဝင်ငြိမ်းပြီးမှ ဒေသခံတွေထုတ်ရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှုမှာ နေအိမ်၆လုံးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမရှိသလို စစ်ရေးလှုပ်ရှားမှု မရှိဘဲ စစ်တပ်က ကျေးရွာကို ဗုံးကြဲခဲ့တာဖြစ်ပြီး ဒေသခံတွေဟာ ထပ်မံဗုံးကြဲမှာ ကြောက်ပြီးရွာထဲကနေ ရှောင်တိမ်း နေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook