Connect with us

Hi, what are you looking for?

News

ကနီမြို့နယ် ဘန့်ဘွေးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် PDFတို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်၊ ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်နေရ

“ဖြစ်နေတာက မနေ့ကတည်းကဖြစ်နေတာ ခုထိလည်း ဖြစ်နေတာဆိုတော့ တိုက်ပွဲအခြေ အနေက ပြောလို့မရသေးဘူးဗျ။ သူတို့(စစ်ကောင်စီတပ်)ဘက်ကတော့ လက်နက်ကြီးတွေနဲ့ တအုန်းအုန်းလှမ်း ပစ်နေတာဗျ”ဟု KLGPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဘန့်ဘွေးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း ကနီပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLGPDF)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ယမန်နေ့(ဒီဇင်ဘာ ၂၂)နံနက်ပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့ညနေပိုင်းအထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

“ဖြစ်နေတာက မနေ့ကတည်းကဖြစ်နေတာ ခုထိလည်း ဖြစ်နေတာဆိုတော့ တိုက်ပွဲအခြေ အနေက ပြောလို့မရသေးဘူးဗျ။ သူတို့(စစ်ကောင်စီတပ်)ဘက်ကတော့ လက်နက်ကြီးတွေနဲ့ တအုန်းအုန်းလှမ်း ပစ်နေတာဗျ”ဟု KLGPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက ဘန့်ဘွေးရွာဘုန်းတော်ကြီးကျောင်းအား အကာအကွယ်ယူတပ်စွဲထားပြီး ဒေသကာကွယ်ရေးတပ်များက ကျေးရွာအပြင်ဘက်မှနေ၍ ခုခံတိုက်ခိုက်နေရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ထိတွေ့တိုက်ပွဲများကြောင့် ဘန့်ဘွေးတောင်ရွာနှင့် မြောက်ရွာတို့ရှိ ဒေသခံပြည်သူအများအပြား ယမန်နေ့ကတည်းက ဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း ဒေသခံများက ပြောသည်။

ဘန့်ဘွေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဒီဇင်ဘာ ၁၉ ရက်က ဒေသကာကွယ် ရေးပူးပေါင်းတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးပြီး အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။