Connect with us

Hi, what are you looking for?

News

ကနီမြို့နယ် ဘန့်ဘွေးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် PDFတို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်၊ ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်နေရ

“ဖြစ်နေတာက မနေ့ကတည်းကဖြစ်နေတာ ခုထိလည်း ဖြစ်နေတာဆိုတော့ တိုက်ပွဲအခြေ အနေက ပြောလို့မရသေးဘူးဗျ။ သူတို့(စစ်ကောင်စီတပ်)ဘက်ကတော့ လက်နက်ကြီးတွေနဲ့ တအုန်းအုန်းလှမ်း ပစ်နေတာဗျ”ဟု KLGPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဘန့်ဘွေးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း ကနီပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLGPDF)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ယမန်နေ့(ဒီဇင်ဘာ ၂၂)နံနက်ပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့ညနေပိုင်းအထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

“ဖြစ်နေတာက မနေ့ကတည်းကဖြစ်နေတာ ခုထိလည်း ဖြစ်နေတာဆိုတော့ တိုက်ပွဲအခြေ အနေက ပြောလို့မရသေးဘူးဗျ။ သူတို့(စစ်ကောင်စီတပ်)ဘက်ကတော့ လက်နက်ကြီးတွေနဲ့ တအုန်းအုန်းလှမ်း ပစ်နေတာဗျ”ဟု KLGPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက ဘန့်ဘွေးရွာဘုန်းတော်ကြီးကျောင်းအား အကာအကွယ်ယူတပ်စွဲထားပြီး ဒေသကာကွယ်ရေးတပ်များက ကျေးရွာအပြင်ဘက်မှနေ၍ ခုခံတိုက်ခိုက်နေရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ထိတွေ့တိုက်ပွဲများကြောင့် ဘန့်ဘွေးတောင်ရွာနှင့် မြောက်ရွာတို့ရှိ ဒေသခံပြည်သူအများအပြား ယမန်နေ့ကတည်းက ဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း ဒေသခံများက ပြောသည်။

ဘန့်ဘွေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဒီဇင်ဘာ ၁၉ ရက်က ဒေသကာကွယ် ရေးပူးပေါင်းတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးပြီး အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် သေဆုံးမှုများနေတယ်လို့ Lion Battalion စစ်ကြောင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောပေါ်ဦးကပြောပါတယ်။

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။