Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာဟင်းချိုမှုန့်မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါး အဖမ်းခံရ

မန္တလေးမြို့မှာဟင်းချိုမှုန့်တွေကိုကားနဲ့ မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါးကို ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

(ဖမ်းဆီးရမိတဲ့ကားနဲ့ အချို့မှုန့်အိတ်များအား တွေ့ရစဥ်။ ဓာတ်ပုံံ-သံဃအဖွဲ့အစည်း၊ ချမ်းအေးသာစံမြို့နယ်)

သြဂုတ် ၁၉၊၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့မှာဟင်းချိုမှုန့်တွေကိုကားနဲ့ မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါးကို ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သြဂုတ် ၁၇ ရက် ညနေ ၆ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်တနေရာမှာ ဘုန်းကြီးတစ်ပါး ကား​ကို ကိုယ်တိုင်မောင်းနေတဲ့အကြောင်း သတင်းရလို့ သွားရောက်စစ်ဆေးခဲ့ကြောင့် မြို့နယ် သာသာနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။

ဘုန်းကြီးဟာ ကားမောင်းရုံတင်မကဘဲ တရုတ်ထုတ် ဟင်းချိုမှုန့်အိတ်တွေ များစွာပါရှိတာ တွေ့ရလို့ ရဲကိုပါ အကြောင်းကြားပြီး စစ်ဆေးခဲ့တယ်လို့ ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်တာပါ။

Public Service Announcement

Public Service Announcement

အဲဒီဘုန်းကြီးဟာထီးချိုင့်မြို့နယ်ကျေးရွာတစ်ရွာကဖြစ်ပြီး အသက်( ၆၂)နှစ်၊ ဝါ(၁၂)ရှိကြောင်း၊ စစ်ဘေးကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က ကျောင်းတိုက်မှာ သတင်းသုံးနေတယ်လို့ ​​ဖော်ပြပါတယ်။

၎င်းဟာ တရုတ်ပြည်က တင်သွင်းလာတဲ့ အချိုမှုန့်အိတ်တွေကို နောင်ချိုမြို့ထိ သွားရောက် သယ်ဆောင်ကာ ဝက်ဝံစစ်ဆေးရေးဂိတ်ကို တောလမ်းက ရှောင်ကွင်း မောင်းခဲ့တယ်လို့ ဆိုပါတယ်။

“ထွက်ဆိုချက်အရ ယာဉ်မောင်းခ (၅)သောင်းကျပ် ရတယ်လို့ သိရပြီး ဆေးဖိုးလိုအပ်နေလို့ ယခု လုပ်ဆောင်ရခြင်း ဖြစ်ပြီး ယခုအကြိမ်ပါဆိုလျှင် သုံးကြိမ်ရှိပြီလို့ သိရပါတယ်။”လို့ သာထိန်းအဖွဲ့ဝင် သံဃာတစ်ပါးက လူမှုကွန်ရက်မှာ ရေးသားပါတယ်။

၎င်းဘုန်းကြီးကို မြို့နယ်သံဃအဖွဲ့အစည်းဆရာတော်တွေက လူဝတ်လဲပေးပြီး ကျန်တဲ့ မော်တော်ယာဉ်၊ ကုန်ပစ္စည်းတွေနဲ့ အတူပါသူတစ်ဦးကို ရဲလက်ထဲ ထည့်ပေးလိုက်တယ်လို့ သိရပါတယ်။

ဝက်ဝံစစ်ဆေးရေးဂိတ်အပါအဝင် မန္တလေး-နောင်ချို-လားရှိုး လမ်းတစ်လျှောက်က အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေဟာ ကုန်စည်သယ်ယူခွင့်ကို တင်းကျပ်စွာ စစ်ဆေးပြီး ငွေတောင်းတာ၊ ဖမ်းဆီးသိမ်းဆည်းတာတွေကြောင့် ခုလို မှောင်ခိုလမ်းကြောင်းတွေ ပေါ်ပေါ်လာတာဖြစ်ပြီး ဘုန်းကြီးတွေပါ သယ်ဆောင်လာတဲ့အထိ ဖြစ်ပွားလာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

Trending

Facebook