Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် ရေဘေးသင့်ရွာတချို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်-၁၉၊ ၂၀၂၆။ People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှုကြောင့် ရေဝင်ခဲ့တဲ့ ကျေးရွာတွေမှာ သောက်သုံးရေမသန့်ရှင်းတာကြောင့် ကလေးငယ်တချို့နဲ့ ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောတာတွေ ​ဖြစ်ပွါးနေတယ်လို့ခင်‌ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

တစ်ရွာကို အနည်းဆုံး ၁၀ဦးလောက် ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကြောင့် စုစုပေါင်း ၂၀၀နီးပါးရှိနေတယ်လို့ ခင်‌ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရေဝဲစားမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ်က ရေဝင်ကျေးရွာတွေမှာ ရေပြန်ကျပေမယ့် အင်းဘေး၊ အိုင်ဘေး မြောင်းဘေးနီးတဲ့ မြေနိမ့်ပိုင်းကျ ရွာတွေနဲ့ရပ်ကွက်တွေထဲမှာတော့ ရေဝပ်ကျန်ခဲ့တယ်လို့ ဒေသခံအချိူ့က ပြောပါတယ်။

လက်ရှိ ခင်ဦးမြို့နယ် ရေဘေးသင့်ကူညီရေးအတွက် NUG အစိုးရအဖွဲ့၊ စစ်ကိုင်းယူနစ်၊ ပြည်သူနဲ့ အင်အားစုများ၊ အသီးသီးသော အလှူရှင် အသီးသီးရဲ့ လှူဒါန်းမှုနဲ့ ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့နေပြီး နှစ်ရက်အတွင်း အိမ်ထောင်စုပေါင်း ၁,၆၅၀ခန့်နဲ့ ဆန်အိတ်ပေါင်း ၂၇၅ပိုင်းကို ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသက ပြည်သူ​တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ဩဂုတ် ၁၇ရက်က အရာတော်မြို့နယ်က ရေဘေးသင့်ကျေးရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က ရေဘေးသင့်ပြည်သူအချို့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းနေပေမယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။

စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းအတွင်းရေကြီးမှုမှာ ရေနစ်မြုပ်တဲ့ မြို့ပိုများလာပြီ သေဆုံးသူဦးရေလည်း တိုးလာသလို ပျောက်ဆုံးနေသူအချို့လည်းရှိနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရေဘေးလာရောက်ကြည့်ရှု့ခဲ့တဲ့ ဟင်္သာတမြို့နယ်က လဟာပကျေးရွာဟာ ဒီနေ့သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေရုတ်တရက်ဝင်ရောက်လာလို့ လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Facebook