Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ ရုရှား ဆက်ဆံရေးတည်ဆောက်ပေးသူတွေနဲ့ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ဖို့ JFM တိုက်တွန်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

(ရုရှား-မြန်မာ စီးပွားရေးဖိုရမ်မှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်နဲ့ အဖွဲ့။ ဓာတ်ပုံ - စစ်ကောင်စီ)

ဩဂုတ်-၂၂၊၂၀၂၆။တေဇ/People’s Spring

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရားမဝင်မြန်မာစစ်အုပ်စုနှင့် ရုရှားနိုင်ငံတို့အကြား ပိုမိုနက်ရှိုင်းလာသော ဆက်ဆံရေးကို စိုးရိမ်ဖွယ်ရာအဖြစ် သတိပြုရမည် ဖြစ်သည်။” လို့ JFM က သတိပေးထားပါတယ်။

ရုရှားနိုင်ငံရဲ့ လက်နက်ထုတ်လုပ်ရေးကဏ္ဍက မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးရာကနေ အကျိုးအမြတ်တွေရရှိနေပြီး အဲဒီ့လက်နက်တွေနဲ့ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ JFM ကထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်က ရေနံနဲ့သဘာဝဓာတ်ငွေ့ သတ္ထုတူးဖော်ရေး နဲ့ စွမ်းအင်ကဏ္ဍတွေကနေ ရေနက်ဆိပ်ကမ်းတွေအထိ စီးပွားရေးက‌ဏ္ဍတွေမှာ ရုရှားရင်းနှီးမြှုပ်နှံမှုတွေ ရရှိဖို့ ကြိုးစားနေပြီး ဒီရင်းနှီးမြှုပ်နှံမှုတွေကို စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုမှာလို့ JFM ကဆိုပါတယ်။

လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က သူတို့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက သူတို့ရှေ့ဆက်မယ့် လမ်းကြောင်းမှာ ဟန့်တားမှု မရှိဖို့ ကြိုးစားနေကြတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ယခုသီတင်းပတ်အတွင်း မော်စကိုမြို့တွင် ၎င်းတို့သည် “တစ်ဖက်သတ်အကျပ်ကိုင်ဆောင်ရွက်မှုများ” သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုများကို “တန်ပြန်ရေး၊ လျှော့ချရေးနှင့် ပြန်လည်ကုစားရေး” လုပ်ဆောင်မည်ဟူသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြသည်။” JFM ကထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်တာက ယူကရိန်းကိုကျူးကျော်စစ်လုပ်ခဲ့တဲ့ ရုရှား နဲ့ တရားမဝင်အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံအပေါ် ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန် နိုင်ငံတွေရဲ့ အစိုးရတွေကချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားလိုတာဖြစ်တယ်လို့ JFM က သုံးသပ်ထားပါတယ်။

ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒီကိစ္စ အပေါ် ချက်ချင်းတုန့်ပြန်ဖို့လိုအပ်ပြီး စစ်အုပ်စုအပါအဝင် စစ်အုပ်စုနဲ့ ရုရှားအစိုးရရဲ့ ဆက်ဆံရေးတည်ဆောက်ပေးသူတွေနဲ့ ဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ JFM က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂွမြို့နယ်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၈ဦးထက်မနည်း ဒဏ်ရာရ